(၃၅)

872 96 12
                                    

ယနေ့မနက်စောစော မုန့်ဟင်းခါးထချက်ကာ အိမ်ရှိဘုရားအား အာရုဏ်ဆွမ်းကပ်၍ ကုသိုလ်ယူဖြစ်သည်။ ထို့နောက် ဦးထက်မင်းအတွက် မနက်စာပြင်ဆင်ပေးထားပြီး ခြံထဲသို့ထွက်၍ တံမြက်စည်းလှဲရန် ကြံတော့သည်။

အဘိုးအိမ်လိုမဟုတ်၍ သစ်ရွက်ခြောက်များကတော့ သိပ်မရှိသလို အမှိုက်လည်းမရှိ၍ သော်ဇင်တစ်ယောက် ပျင်းတောင်လာသည်။

တီ...တီ(ကားဟွန်းတီးသံ)

စောစောစီးစီးပြန်ရောက်လာည့် ကားဟွန်းတီးသံကြောင့် သော်ဇင်ပျော်ရွှင်သွားလျက် ခြံတံခါးအား အပြေးအလွှားလာဖွင့်သည်။ သို့သော် ကားပေါ်မှလူကတော့ သော်ဇင့်အား စိုက်ကြည့်နေမိသည်။

အတန်ကြာသည်အထိ ကားမရွေ့လာသောကြောင့် သော်ဇင်စိတ်ပူသွား၍ ကားအနားသို့ ဖြည်းဖြည်းချင်းလာကြည့်မိသည်။ သွားကြည့်တော့လည်း သုထက်က သော်ဇင်ကို စိုက်ကြည့်နေပြန်၏။

"ကိုထက်...."

ထိုသို့ခေါ်တော့ သုထက်က ပြုံးပြသည်။ သာမန်ဆိုလျှင် သော်ဇင်ပြန်ပြုံးပြမည်မှာ မလွဲသေချာနေသော်လည်း ယခုကတော့ သုထက်ပုံကိုကြည့်ပြီး စိုးရိမ်နေမိသည်။

"ပြန်မပြုံးပြတော့တာလား"

"ဟမ်...."

သုထက်အမေးကြောင့် သော်ဇင်ပိုလန့်သွား၍ မည်မျှမှ မသက်ဆိုင်သည့်အတွေးကပါ ဝင်လာသည်။ ငါဘာအပြစ်လုပ်ထားလို့လည်း ဟူ၍.......။

"တစ်ခုခုဖြစ်လို့လား ကိုထက်"

"မဖြစ်ပါဘူး...ဒီအတိုင်းမေးကြည့်တာပါ..."

ထိုသို့ပြောပြီး ခြံထဲကားမောင်းဝင်သွားတော့သည်။ သော်ဇင်လည်း ခြံတံခါးလေး ပြန်ပိတ်ပြီး တံမြက်စည်းကိုင်၍ ဖြည်းဖြည်းချင်း လမ်းလျှောက်လာလိုက်သည်။

"ဘာလို့ အဲ့ဒါတွေလုပ်နေတာလဲ"

ကားပေါ်မှ ဆင်းဆင်းလာချင်း ဟောက်လိုက်သည့် လေသံ....။

"မဟုတ်ပါဘူး ကိုထက်ရဲ့ ...ဒီနေ့ အားတယ်လေ...အဲ့ဒါ ညက မုန့်ဟင်းခါးချက်ဖို့ ပြင်ဆင်ထားရင်းနဲ့ ဒီမနက်စောစောထလိုက်တော့ လုပ်စရာမရှိလို့ ဦးလေးကြီးသက်သာအောင် ဝိုင်းကူထားပေးတာပါ"

ခြွင်းချက်မဲ့စွာWhere stories live. Discover now