(၁၇)

1.4K 212 43
                                    

သုထက်ဘယ်ထွက်သွားမှန်းမသိသော သော်ဇင်သည် အိမ်ရှေ့၌ထွက်ကာ မတ်တပ်ရပ်စောင့်နေရင်း စိတ်ပူနေမိသည်။ သူနဲ့အတူပါလာရင်း တစ်ခုခုဖြစ်လျှင် သူ့အမှားမကင်းပေ...။

သို့သော် မကြာမီပင် ရွာလမ်းထဲသို့ သုထက်ကားလေးပြန်ဝင်လာသည်ကို လှမ်းတွေ့ရလိုက်လေသည်။

ထိုဝင်လာသော ကားပေါ်၌လည်း...

"ကိုကို ဒါက ဘယ်ကိုလာတာလဲ"

Jerry တစ်ယောက် ဟိုကြည့် သည်ကြည့်ဖြင့် စပ်စပ်စုစုလုပ်နေရင်း မေးလိုက်သည်။

"ဒါ ကိုယ်နဲ့အတူလာတဲ့ ကောင်လေးနေတဲ့နေရာလေ...အခုသူ့အိမ်ကိုပြန်နေတာ"

"သြော်...နေရာကြီးက ဘယ်လိုကြီးလည်းမသိဘူးနော်...အရမ်းလည်းပူတာပဲ"

အပူဒဏ်မခံနိုင်သော Jerry၏ အကျင့်လေးကိုသိသောကြောင့် သုထက်ပြုံးမိလိုက်ပါသည်။ ခေတ္တမျှကြာတော့ သော်ဇင့်အိမ်ရှေ့သို့ ကားဆိုက်လာ၏ ။

သုထက်ကားပေါ်မှဆင်းလာတော့ သော်ဇင်က အပြေးအလွှားရောက်လာရင်း...

"ကိုထက် ဘယ်တွေသွားနေတာလဲ...ကျွန်တော် စိတ်ပူသွားတာပဲ...အဆင်ပြေရဲ့လား"

ပျာပျာသလဲဖြင့် သုထက်မျက်နှာကြည့်ရင်း မေးနေသောကြောင့် နောက်တစ်ယောက်ကို သော်ဇင်မမြင်မိသေး....။

Jerryကလည်း သော်ဇင့်အမူအယာကိုကြည့်ရင်း သုထက်ဘေးသို့ရောက်လာကာ သုထက်လက်မောင်းကို လက်ချိတ်လိုက်သည်။ သို့မှ သော်ဇင် သတိထားမိတော့၏။

"သူ့ကိုသွားခေါ်တာ...ဆိုင်းမဆင့် ဘုံမဆင့်ရောက်လာလို့...အဆင်ပြေတယ်မလား...မပြေရင် ငါတို့ တည်းခိုခန်းမှာဖြစ်ဖြစ် နေလိုက်ပါ့မယ်"

သုထက်က အားနာသည့်မျက်နှာဖြင့် သော်ဇင့်အားရှင်းပြလေသည်။ သော်ဇင်က Jerryအား ပြုံးပြကာ...

"အာ...ဘာအားနာစရာလိုလို့လဲ...အိမ်ကအကျယ်ကြီးပဲကို...ရပါတယ်..."

"ကျေးဇူးပါနော်...ကိုကိုက ဒီမှာရှိနေတယ်ဆိုလို့ တဇွတ်ထိုးလိုက်လာခဲ့မိတာ...ဟီးဟီး...ဒါနဲ့ ငါ့နာမည်က Jerryပါ...အဲ..မြန်မာလိုဆို ငွေလသာ"

ခြွင်းချက်မဲ့စွာWhere stories live. Discover now