(၈)

2.1K 244 34
                                    

Unicode

"အ...အေးတယ်ဟ"

ရေတစ်ခွက်စချိုးပြီး ထအော်မိသော သုထက်...။

"ဟုတ်တယ်...ရာသီဥတုသာပူတာ..ဒီကရေတွေက တအားအေးတယ်...တွင်းရေ ဖြစ်နေလို့လားလည်းမသိဘူး...မြန်မြန်ချိုးနော်.. ရေပြောင်း မြေပြောင်းနဲ့ ဖျားမှာစိုးလို့"

အကောင်က သေးသေးလေးနဲ့ ရေတွင်းထဲမှ ရေကို ဆွဲဆွဲထည့်နေသော သော်ဇင့်ကို ကြည့်ပြီး သုထက်ရေချိုးရတာတောင် အားနာလာမိသည်။ သူတို့နှစ်ယောက်တည်းလည်း ရှိနေတာမဟုတ်...ကလေးအသေးမှအစ လူကြီးအဆုံး ဒီနေရာတွင် ရေလာချိုးကြခြင်း...ရေတွင်းကလည်း တကယ့်ကို အကြီးကြီး...ရေချိုးဖို့နေရာကြီးကလည်း အကျယ်ကြီးပင်...။

"မင်းလည်း မချိုးဘူးလား"

"ရတယ်...ကျွန်တော်ရေချိုးတာက မြန်တယ်"

"ငါရေလောက်ပြီမို့ မင်းဘာသာ လာချိုးတော့"

သော်ဇင့်ကို အားနာလာ၍ သုထက်ရေချိုးတာ ရပ်လိုက်သည်။ ဘဝမှာ ဒီလောက်မြန်မြန်ရေမချိုးဖူးဘူး...ဒီလိုမျိုးကြီးလည်း မချိုးဖူးဘူး...ပြီးတော့ ဒီလိုရေခွက် စတီးချိုင့်နဲ့လည်း ရေမချိုးဖူးဘူး။ သူကအတွေးလွန်နေတာ...သူ့ဘေးက အဖြူကောင်လေးကတော့ ရေချိုးမြန်ချက်က ပြီးပင် ပြီးတော့မည်။
.
.
.
ဒီလိုနှင့် ရေချိုးပြီး အိမ်ပြန်ရောက်လာကြသည်နှင့် ဟင်းနံ့မွှေးမွှေးလေးက စီးကြိုနေသည်။

"အညား...ငါးရှဥ့်ဟင်း ကျက်ပြီလား"

"ရခါနီးပြီ...ခဏလောက် စောင့်ကြဦး...ထမင်းအိုးတည်ပေးမယ်"

"ဟုတ်..ဟုတ်...အပေါ်ကို သွားလို့ရပြီဟုတ်"

"အေး..ရပြီ..ရပြီ"

"ဒါဆို ကိုထက် အရင်တက်နှင့်လိုက်နော်...ပုဆိုးတွေလှန်းလိုက်ဦးမယ်"

သုထက် ခေါင်းညိမ့်ပြပြီး အိတ်နှစ်အိတ်ကိုဆွဲကာ အပေါ်ထပ်သို့ တက်သွားလိုက်သည်။ အပေါ်ထပ်တွင် အခန်းနှစ်ခန်းရှိသည်မှ လွဲ၍ ရှင်းရှင်းလင်းလင်းပင်။ ဘုရားစင်အသေးလေးရှိသည်။ ရေအိုးစင်တစ်ခုရှိသည်။

သုထက် ဟိုငေး သည်ငေး လိုက်ကြည့်နေတုန်း သော်ဇင်က ကျန်သည့် အိတ်နှစ်အိတ်ဆွဲကာ ရောက်လာသည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now