(၁၁)

2.1K 256 49
                                    

Unicode

သော်ဇင်တစ်ယောက် သုထက်အား တဲပေါ်တွင် ထားခဲ့ပြီး အဖေဖြစ်သူ၏ လေးယောက်မြောက် ဇနီးဖြစ်သူဆီ အဝတ်များပိုက်လျက် ချည်းကပ်လာမိသည်။ သူမသည် ရေချိုးသည့် နေရာဟု ခေါ်ရလောက်မည့် မြေကုန်းမြင့်လေးပေါ်တွင်ရှိသည့် ကျောက်ပြားလေးပေါ်၌ အဝတ်အစားအချို့အား လျှော်ဖွပ်နေလေသည်။ သော်ဇင့်ခြေသံကြား၍ လှည့်ကြည့်တော့....

"သား အဲ့ဒါတွေ လျှော်ဖို့လား..ဒေါ်ဒေါ်ကို ပေးလေ"

"အာ...ရပါတယ်...ကျွန်တော်ရေချိုးရင်း လျှော်ဖွပ်လိုက်ပါမယ်...ဒါနဲ့..."

သော်ဇင်စကားပြောသည်ကို ရပ်လိုက်သည့်အကြောင်းက ထိုအမျိုးသမီးလျှော်နေသည့် အဝတ်အစားများကို တစ်ချက်ကြည့်လိုက်ခြင်းဖြစ်သည်။ သူမ လျှော်နေသည်များက ခပ်နွမ်းနွမ်း ကျောင်းစိမ်းဝတ်စုံလေးနှစ်စုံ...။ ထို့ကြောင့် သော်ဇင်က စကားဆက်ရန် ခေတ္တရပ်လိုက်ခြင်းဖြစ်သည်။

"ကျောင်း...ကျောင်းတက်နေတဲ့ကလေးတွေ ရှိတာလား ဒေါ်ဒေါ်မှာ"

ဒေါ်နှင်းရွှေဟု ခေါ်သည့် ထိုအမျိုးသမီးက ပြုံး၍ ခေါင်းညိမ့်ပြရင်း....

"ဒေါ်ဒေါ်ရဲ့ သမီးလေးရယ်...သားအပါးရဲ့ အရင်မိန်းမရဲ့ သားလေးရယ်လေ..."

"သြော်..."

သော်ဇင်တစ်ယောက် "သြော်..." တစ်လုံးတည်းသာ ဆိုနိုင်လေသည်။ သူ့အဖေက မိန်းမတွေ လျှောက်ယူသည်။ ပြီးလျှင် လုပ်မကျွေး...ကလေးတွေ တပြုံတခေါင်းမွေးသည်။ နောက်...သည်ကလေးတွေကလည်း သက်စိုးမရှည်ကြ...ဝမ်းပျက်ပြီး သေတဲ့သူက သေကြ...ကလေးများအား ပစ်ထားချင်သလို ပစ်ထားလို့ ပိုးထိသေသူကသေနဲ့...သော်ဇင့်တွင် မောင်နှမဝမ်းကွဲ ဘယ်နှယောက်ရှိမှန်းပင် မရေတွက်နိုင်။ အဖေ့ဒဏ် မခံနိုင်၍ ယူထားသည့် မိန်းမတွေကလည်း ကလေးများကို ထားပစ်ချင်သလို ထားပစ်ခဲ့ကြပြီး နောက်ယောကျ်ားတွေ ထပ်ယူကြပြန်သည်။ တစ်ခါတလေ ရှုပ်ထွေးလွန်း၍ နားကိုမလည်တော့....။

အခုတော့ ဒီဒေါ်ဒေါ်ကို ကြည့်ရတာ အဖေ့အရင်မိန်းမများနှင့် မတူသည်ကို သော်ဇင် တဖြည်းဖြည်းခံစားလာရသည်။ မိခင်အရင်းဖြစ်သူကိုတော့ ဘယ်သောအခါကမျှ မမြင်ဘူးသည့်အတွက် အမေဖြစ်သူကတော့ သော်ဇင့်အတွက် အဖေ့၏ မကောင်းသည့်မိန်းမများ စာရင်းတွင်မပါ။ ယခုတော့ ဒီဒေါ်ဒေါ်သည်လည်း အဲ့စာရင်းထဲတွင် မပါတော့...။

ခြွင်းချက်မဲ့စွာWhere stories live. Discover now