(၃၈)

599 83 19
                                    

"ဟယ်လို...."

သုထက်တစ်ယောက် အိပ်ချင်မူးတူးဖြင့် တဒီးဒီးမြည်နေသော ဖုန်းကို ကိုင်လိုက်မိသည်။

"ကိုကို.... Jerry ဒီလောက် ဖုန်းတွေခေါ်နေတာ ဘာလို့ မကိုင်တာလဲ"

အိပ်ချင်မူးတူးဖြစ်နေသော သုထက်လည်း အခုမှ နားနှင့်ဖုန်းကို ခွာကြည့်မိသည်။ သူကိုင်လိုက်တဲ့ဖုန်းက သူမကိုင်ချင်လို့ တမင်ပစ်ထားသည့် ဖုန်းဖြစ်နေခဲ့တာပဲ။

"ကိုကိုနဲ့အပြင်မှာတွေ့ပြီး စကားပြောလို့ရမလား"

သုထက်သည် ငေါက်ခနဲထိုင်လိုက်ရင်း တော်တော်နှင့် အဖြေပြန်မပေးဖြစ်ချေ။ သူအိပ်ချင်နေ၍လည်းမဟုတ်ဘဲ သော်ဇင့်အတွက် စိတ်တိုလွန်းသောကြောင့်သာ ဖြစ်သည်။

"ကိုကို...."

တစ်ညလုံးနီးပါး မအိပ်ဘဲ ဖုန်းဆက်နေသော တစ်ဖက်မှ Jerryသည်လည်း စိတ်ထဲ လှိုက်ခနဲ ဝမ်းနည်းလာပြီဖြစ်သည်။ ထို့ကြောင့် တအိအိဖြင့် ငိုမိသွားတော့သည်။

"သော်ဇင့်ကို တောင်းပန်နိုင်မှ တွေ့မယ် Jerry၊ မနေ့က မင်းရဲ့လုပ်ပုံတွေက အရမ်းစရိုက်ဆန်လွန်းတယ်"

ထိုသို့ပြောပြီး သုထက်ဖုန်းချလိုက်သည်။ ထို့နောက် ဖုန်းကို ခေါင်းအုံးဘက်သို့ လွှင့်ပစ်လိုက်ကာ သက်ပြင်းအကျယ်ကြီး ချလိုက်တော့၏။

"ဒေါက် ဒေါက်....မထသေးဘူးလား"

ဦးတိုးငွေ၏ အခန်းရှေ့မှ နိုးသံကြောင့် သုထက်အတွေးစ ပြတ်သွားကာ တံခါးလာဖွင့်သည်။

"နိုးနေတာ ကြာပါပြီ၊ အဘိုး ဘယ်သွားမလို့လဲ"

ဦးတိုးငွေဝတ်စားထားပုံကိုကြည့်ရင်း သုထက် တအံ့တဩမေးလိုက်မိသည်။ ဦးတိုးငွေသည် သန့်ပြန့်သားနားစွာ ဝတ်ဆင်ထားပြီး ခေါင်းပေါ်၌ ဦးထုတ်ကလည်းအသင့်။

"ငါ ကျိုက္ကလော့ဘုရားကို သွားချင်လို့၊ လိုက်ပို့စမ်းကွာ၊ မြန်မြန်အဝတ်စားလဲ"

"ဟမ်...ဟုတ် ဟုတ်၊ ခဏလေးနော် ကျွန်တော်အမြန်လုပ်လိုက်မယ်"

ပြောပြောဆိုဆိုဖြင့် သုထက်သည် အခန်းတံခါးပြန်ပိတ်သွားကာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အရာအားလုံးကို ခပ်သုတ်သုတ်လုပ်နေမိသည်။ အခန်းရှေ့မှ ဦးတိုးငွေကတော့ အပြုံးကြီးတစ်ခုဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now