(၄၃)

580 69 14
                                    

"ဟင် အဖေကလည်း ဖြစ်ပါ့မလား"

ရုံးခန်းထဲ စာရင်းတွေပြန်စစ်ရင်း ဦးတိုးငွေစကားကြောင့် လန့်သွားသော ဦးထက်မင်းတစ်ယောက် ထအော်မိသွားသည်။

"ဟေ့ကောင် ဖြစ်လွန်းလို့ မင်းသား မူမမှန်နေတာ မမြင်ဘူးလား"

အိမ်၌ သုထက်နှင့် သော်ဇင်မရှိ၍လည်း ဦးတိုးငွေ အေးဆေးစကားပြောနေခြင်းဖြစ်သည်။

"ဟာ အဖေကလည်း အဲ့ဖြစ်ပါ့မလားကိုမဟုတ်ဘူး၊ အဖေ့မြေးကို လွှတ်လိုက်မှ သားရဲ့မြေတွေ ကုန်သွားမှဖြင့်"

"မင်း သူ့ကို မင်းအလုပ်နဲ့ နီးစပ်စေချင်တယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်အောင် ခိုင်းလိုက်"

ဦးထက်မင်းသည် မျက်မှောင်ကြုတ်‌ပြီး နားထောင်နေရင်းမှ ချက်ချင်းပြုံးလာကာ....

"ဒါဆို သော်ဇင်က သားကို သဘောကျနေတာပေါ့နော်"

"ဒါပေမယ့် မင်းသားရဲ့နေပုံထိုင်ပုံကိုလည်း ကြည့်ဦးလေ၊ ဟိုကောင်လေးနဲ့က ပြတ်သေးတာမဟုတ်ဘူး၊ ငါ့မြေးစိတ်ကို သပ်သပ်လိုက်ဒုက္ခပေးနေတယ်၊ လွှတ်လိုက် အဲ့ကောင်ကို၊ အဲ့အချိန်မှာမှ သူ့ကောင်လေးနဲ့တတွဲတွဲဆို ငါနဲ့သော်ဇင် တကယ်ပြန်တော့မယ်"

"သား သူ့ကို အခုနောက်ပိုင်း မမေးကြည့်ဖြစ်တာ အဖေရဲ့၊ သူနဲ့ Jerry ဘယ်လိုအခြေနေလဲဆိုတာ သားအမြဲမေးဖြစ်တယ်၊ ‌ဟို ယောက်ျားလေးတွေပဲ ဆိုပေမယ့်‌လည်း သားတော့ သိပ်နားမလည်ပေမယ့် တစ်ခုခုအမှားဖြစ်ကြမှာစိုးလို့....နောက်ပြီး ဒီမနက် အဖေလည်းသိပါတယ်၊ အဲ့ကလေးနဲ့ သူ ရန်ဖြစ်ထားကြလားမသိ...."

"အင်း....ငါ‌ မင်းသား မူမမှန်နေတာသတိထားမိပါတယ်၊ မင်းလည်း အဖေတစ်ယောက်အနေနဲ့တော့ လုပ်သင့်တဲ့အရာတွေ မင်းလုပ်နေတာပါ၊ တစ်ခုပဲ ငါဖြစ်စေချင်တာ....သုထက်သာ သော်ဇင့်ကို ဖွင့်ပြောနိုင်ရင် ပွဲပြီးပြီ၊ ငါလိုချင်တာ အဲ့ဒါပဲ၊ အဲ့လောက်ဆို ငါသေပျော်ပြီ"

"အဖေလည်းနော် မကြီးမငယ်နဲ့ အောင်သွယ်တော်လုပ်နေတာ"

"ငါက သူကောင်းစားအောင် လုပ်ပေးတာကွ၊ သော်ဇင်လိုလူမျိုးကို ဒီကောင် ဒီတစ်သက်ရမယ့်လမ်း မမြင်တော့လို့ ငါကလမ်းခင်းပေးနေတာ"

ခြွင်းချက်မဲ့စွာWhere stories live. Discover now