(၁၄)

1.3K 204 30
                                    

Unicode

"မ...မလုပ်...နဲ့...!"

အသံနက်ကြီးဖြင့်ထအော်သော သော်ဇင်ကြောင့် သုထက်တစ်ယောက် လန့်နိုးသွားရသည်။သော်ဇင့်ဘက်သို့ မျက်နှာလှည့်အိပ်နေသောကြောင့် ဆတ်ခနဲကောက်ထိုင်လျက် သော်ဇင့်ရင်ဘတ်အား ဖိထားပေးရင်း...

"သော်ဇင်...သော်ဇင်..."

"ဟင်..."

သုထက်က လှုပ်နှိုးလိုက်တော့ မျက်လုံးအပြူးသားလေးဖြင့် အူတူတူပြန်ကြည့်သည်။ မသိလျှင် သူယောင်ပြီး ထမအော်သည့်အတိုင်းပင်...။

"မင်း ယောင်ပြီး ထအော်နေတယ်လေ"

"မယောင်ပါဘူး..."

သော်ဇင့်ပုံသည် ကလေးတစ်ယောက်က သူအပြစ်လုပ်ထားသည်ကို လူကြီးတစ်ယောက်အား ညာပြောနေသည့်ပုံလိုပင်...။ သုထက်ကတော့ မျက်မှောင်ကြုတ်သွားလျက်....

"မင်းမအော်ဘဲနဲ့တော့ ငါနိုးလာပြီး မင်းကို နှိုးမနေဘူးကွ..."

"ဟင့်အင်း...တကယ်မယောင်ပါဘူး...ကဲ...အစောကြီးရှိသေးတယ်...ပြန်အိပ်ဦး ကိုထက်...ကိုထက်ယောင်နေတာပဲဖြစ်မှာ...ကျွန်တော်မယောင်ဘူး"

ထိုသို့ပြောပြီး သုထက်အား ကျောပေးကာ တစ်ဖက်သို့ ကွေးကွေးလေးစောင်းအိပ်သွားသော သော်ဇင်...။ သုထက်ကတော့ သော်ဇင့်ပုံအား ခဏစိုက်ကြည့်နေပြီးနောက် တစ်ကိုယ်တည်းခေါင်းခါလျက် ပြန်လှဲလိုက်တော့သည်။

သုထက်တစ်ယောက် မျက်လုံးမှိတ်ကာ ပြန်မှေးရုံလေးရှိသေး မိမိဘေးက အဖြူ ကောင်လေးသည် လှုပ်တုပ်ရွတဖြစ်နေသည်ကို ဖြတ်ခနဲ သတိထားမိသွားသည်။ ထို့ကြောင့် ငြိမ်ငြိမ်လေးနေကာ သတိထားကြည့်နေမိတော့မှ သော်ဇင်သည် ယောင်နေခြင်းမဟုတ်...ငိုနေခြင်းပင်။

"သော်ဇင်..."

သုထက်က အသံပြေဖြင့် ခေါ်ကြည့်သည်။ ထိုသို့ခေါ်သံကြားသည်နှင့် သော်ဇင်သည် ချက်ချင်းငြိမ်ကျသွားတော့သည်။ သူငိုနေတာကို မသိစေချင်တာဖြစ်မည်။ သို့သော် သုထက်က သူ့ဘက်သို့ ဆွဲလှည့်ပစ်လိုက်သောကြောင့် နဂိုပုံစံကွေးကွေးလေးအတိုင်း ပါလာသည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now