(၅၁)

445 52 7
                                    

ဦးတိုးငွေသည် ဆေးရုံ၌ မနေလိုတော့သဖြင့် တစ်ပတ်ပြည့်သည်နှင့် ဆရာဝန်၏ ထောက်ခံချက်နှင့်အတူ အိမ်သို့ အထူးသူနာပြုငှားကာ ဆေးရုံဆင်းလာခဲ့သည်။ ‌သော်ဇင်လည်း သူ့ဆရာမနှင့်အတူ သင်တန်းပြန်တက်နိုင်ပြီဖြစ်ပြီး စစ်သွေးလည်း အိမ်သို့အလာစိပ်ရတော့မည်မဟုတ်။ အကြောင်းက သုထက်လည်း အိမ်သို့ ပြန်ရောက်တော့မည်ဖြစ်သည်။

"အဖေ သားကို တစ်ခုခုဆို ဖုန်းခေါ်နော်၊ သော်ဇင်လေးက သူ့အလုပ်သူလုပ်ရဦးမှာနော်၊ ဘေးမှာအမြဲထားလို့မရဘူးနော်၊ နောက် သူနာပြုကလည်း အမြဲရှိနေမှာမို့ အိမ်သာသွားတာတွေ တစ်ခုခုထယူတာတွေကို ကိုယ့်ဘာသာ စိုးခနဲ ဆတ်ခနဲ ထမလုပ်နဲ့နော်"

ဦးထက်မင်းသည် ကလေးလို ဘေးနားမှကပ်၍ အလုပ်မသွားခင် မှာတမ်းခြွေနေသည်။ ဤသည်ကိုကြည့်ပြီး သော်ဇင်ရယ်နေမိ၏။ ကိုထက်နှင့်တူနေလို့လေ။

"တော်တော်စကားများတဲ့ကောင်၊ ငါသိတယ်"

နေကကောင်းနေပြီဖြစ်၍ လေသံအနေထားပြန်မာနေသော ဦးတိုးငွေတစ်ယောက် မျက်မှောင်ကုပ်ကြည့်ရင်း အော်ထည့်လိုက်သည်။ ဦးထက်မင်းကတော့ ရယ်နေမိရင်း....

"အဖေအော်နိုင်နေပြီဆိုတာသိပါတယ်၊ တစ်ခုခုအလိုမကျရင် အော်မနေနဲ့ဦးနော်၊ အားကုန်မယ်"

ဦးတိုးငွေက စိတ်ညစ်လိုက်တာဆိုသောပုံစံဖြင့် သော်ဇင့်အားလှမ်းကြည့်‌လိုက်သည်။ သော်ဇင်ကတော့ သူ့အဘိုးကို မျက်စိလှမ်းမှိတ်ပြနေကာ သည်းခံလိုက်ဆိုသောပုံစံလေးလုပ်ပြနေသည်။

"ဒါဆို သားသွားပြီနော်...အဖေဘာပြောပြော လက်မခံနဲ့နော်၊ သူရတယ်ဆိုလည်း မရနဲ့"

ဦးတိုးငွေအလှည့်ပြီး သူနာပြုကိုကြည့်ကာ ထပ်ပြီးမှာနေသော ဦးထက်မင်း။ ဒီတစ်ခါတော့ သော်ဇင်အသံထွက်သည်အထိ ရယ်မိသွားပြီဖြစ်သည်။ ထို့ကြောင့် ဦးထက်မင်းကလှည့်ကြည့်ချိန် ပါးစပ်လေးအုပ်လိုက်ကာ....

"ဦးက ကိုထက်နဲ့ ဒီလိုနေရာတွေမှာ တော်တော်တူတာပဲ"

ဦးထက်မင်း ခဏတော့ စဉ်းစားသွားကာ ပြီးမှ လိုက်ရယ်မိသည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now