(၄၁)

1.2K 97 31
                                    

Jerry တစ်ယောက် ဘား၌ တစ်ယောက်တည်းရောက်နေကာ မျက်စိရှေ့တွေ့သမျှ ယမကာပေါင်းစုံအား တစ်ခွက်ပြီး တစ်ခွက်မှာသောက်နေ၏။

"တစ်ယောက်တည်းလား"

ဘေးမှ အဖော်လာချိတ်နေသော ကြုံရာကျပန်းတွေကိုလည်း သူစိတ်မဝင်စားနိုင်တော့။

"လစ်လိုက်"

ထိုစဉ် ဘားထဲသို့ စစ်သွေးရောက်လာ၍ Jerry ဘေးမှတစ်ယောက်သည် အနည်းငယ်ရှိန်ကာ ထွက်သွား၏။

"ဘယ်လိုဖြစ်တာလဲ၊ မင်းတို့နှစ်ယောက်က တစ်ယောက်ကတစ်ဆိုင်၊ နောက်တစ်ယောက်က တစ်ဆိုင်နဲ့ ငါ့ကိုအလှည့်ကျ တွေ့နေကြတာလား"

"ဘာပြောချင်တာလဲ"

Jerry သည် အနည်းငယ်မူးနေပြီဖြစ်သော်လည်း စစ်သွေးနဲ့တော့ စကားပြောနိုင်ပါသေးသည်။

"သုထက်လေ....ငါနဲ့တွေ့ခဲ့တာ"

"ကိုကိုကဘာလို့လဲ"

"အင်း...မင်းနည်းနည်းစိတ်ထိခိုက်သွားမယ်ထင်တယ်နော်"

"ပြောမှာသာပြောစမ်းပါ"

"သူ သော်ဇင့်ကို ကြိုက်နေတယ်လေ၊ ငါကြိုက်နေကြောင်းပြောတာကိုတောင် လက်မခံဘူးနော်"

စစ်သွေးသည် Jerry မျက်နှာရိပ်ကို တစ်ချက်ဖမ်းကြည့်ကာ စကားထည့်ပေးလိုက်သည်။ သို့သော် Jerry ကတော့ အေးဆေးတည်ငြိမ်သောမျက်နှာထားဖြင့် ငြိမ်နေပြီးနောက် ခနဲ့တဲ့တဲ့ပြုံးလိုက်သည်။

"Jerry တို့ ပြတ်သွားပြီ၊ အဲ့တောသားကြောင့်လည်းပါတယ်"

မိမိမထင်မှတ်ထားသောစကားဖြစ်၍ စစ်သွေးအံ့ဩသွားရသည်။ ထို့နောက် Jerry ကိုသေချာကြည့်ကာ....

"ဘယ်လိုဖြစ်ကြတာလဲ"

.
.
.
.
.
.

လွန်ခဲ့သော နာရီပေါင်းများစွာက....

Jerry သည် ဦးနေဝန်းစက်နှင့် ပတ်သတ်ခဲ့သမျှ အကြောင်းအရာအားလုံးကို သုထက်အား ရှင်းပြလိုက်သည်။

"ကြားရတာ စိတ်မကောင်းပါဘူး"

သုထက်သည် ငိုနေသော Jerry ကိုကြည့်ရင်း ကျောကုန်းကို အသာပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

ခြွင်းချက်မဲ့စွာWhere stories live. Discover now