(၉)

2.6K 253 44
                                    

Unicode

ညက ပုံမှန်အိပ်ချိန်ထက် စောစောအိပ်ခဲ့လို့လားမသိ...ဒီနေ့မနက် တော်တော်စောစော နိုးလာခဲ့သည်။ အိမ်သည် အရှေ့အရပ်သို့ လှည့်ထားသည်ဖြစ်၍ အိမ်တစ်အိမ်လုံးကို နေရောင်ခြည်က ဖြန့်ကျက်နေပြီး ဖြစ်သည်။

ကျွန်တော် အိမ်ရှေဘက်ကို ခဏ ကြည့်နေမိပြီး အနောက်ပြန်လှည့်ကြည့်တော့ ဟိုအဖြူကောင်လေးက အိပ်နေတုန်း...အိပ်နေတာမှ ကွေးကွေးလေး...ခြုံထားတဲ့စောင်ကလည်း အခု သူ့ရင်ခွင်ထဲမှာ လုံးထွေးပြီး ပိုက်လျက်သားလေး...။ သူ့ကိုကြည့်ရတာ ဖက်ထုတ်နဲ့ တူနေသည်။

"အဖြူ ကောင်လေး..."

သုထက် စိတ်ထဲအူယားလာသောကြောင့် ပါးစပ်ကလည်းနာမည်ခေါ်လက်ကလည်း သော်ဇင့် ပါးကို လက်ညိုးဖြင့် အသာထိုးလိုက်သည်။ သော်ဇင်သည် တုပ်တုပ်တောင် မလှုပ်ချေ...သုထက် ကိုယ့်ဘာသာ တစ်ကိုယ်တည်း ရယ်လိုက်ကာ ထထိုင်လိုက်ပြီး အပျင်းကြော ဆန့်လိုက်သည်။ သို့မှ...

"ဟင်...ကိုထက် အစောကြီး နိုးနေတာလား"

"အင်း..."

"အင်း...အိမ်မှာထက် ဒီမှာအိပ်လို့ပိုကောင်းတယ်ထင်တယ်...ထတောင် မထချင်ဘူး...ဟီး"

ထိုသို့ပြောပြီး ဟိုလှိမ့်သည်လှိမ့်လုပ်ပြီးမှ စောင်လေးပိုက်ကာ ငုတ်တုတ်ထထိုင်သည်။ သူလုပ်သမျှ ထိုင်ကြည့်နေသူက သုထက်...သော်ဇင့်အကြည့်က ဖြတ်ခနဲ သူ့ဆီရောက်လာမှ သူခိုးလူမိသည့် ပုံစံဖြင့် အကြည့်တွေကို လွှဲလိုက်သည်။ သော်ဇင်က ပြုံးကာ...

"မျက်နှာသွားသစ်ရအောင်...ကျွန်တော် ဒါတွေ သိမ်းလိုက်ဦးမယ်"

"အင်း..."

သုထက် မျက်သစ်ဖို့ ပစ္စည်းထုတ်နေချိန် သော်ဇင်က အိပ်ရာကို သိမ်းနေ၏ ။

"မင်းအတွက်ပါ ငါထုတ်လိုက်ရမလား"

"ဟင်...ထုတ်ပေးမလို့လား...ဟီး...အဲ့ဒါဆို ကျွန်တော့် ကျောပိုးအိတ်က အရှေ့အိတ်ထဲမှာ သွားတိုက်တံနဲ့ သွားတိုက်ဆေးပါတယ်"

သုထက်တစ်ယောက် စိတ်လိုလက်ရရှိစွာနဲ့ပဲ သော်ဇင်ညွှန်ပြတဲ့အတိုင်း သွားတိုက်တံကို ထုတ်လိုက်သည်။ သွားတိုက်ဆေးကိုတော့ သူသုံးသည့်အထဲမှ ထည့်ပေးလိုက်ပြီး သွားတိုက်တံ ၂ချောင်းကိုင်ပြီး မတ်တပ်ရပ်စောင့်နေသည်။ ပြီးလျှင် သူ့ဘာသာတွေးနေမိသည်က...

ခြွင်းချက်မဲ့စွာWhere stories live. Discover now