ကိုယ်ချစ်တဲ့.....သူ...၁၁

15.7K 445 11
                                        

မျက်နှာပေါ်ဖြာကျလာတဲ့ ခပ်နွေးနွေး မနက်ခင်းနေရောင်ခြည်လေးတွေနဲ့အတူ.......ကိုယ်နိုးထလာခဲ့တယ်...
ကိုယ်..ဒီလိုနှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ခဲ့တာ ကလောရောက်တည်းကပါပဲ..
အိပ်ယာပြောင်းရင်မအိပ်တက်တဲ့အကျင့်ကြောင့် ကလောမှာအသားကျဖို့..

မနည်းကြိုးစားခဲ့ရပေမဲ့....သူ့ရဲ့ဒီအိမ်လေးမှာတော့...ပထမညတင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသလို..
မနက်ခင်းစိတ်ကြည်ကြည်နဲ့.....နိုးထလာခဲ့တယ်....
ဒီမှာတော့ ကလောမှာလိုအေးမနေတဲ့အပြင်
........Aprilရဲ့နွေနေပူပူနဲ့မို့...မနက်ခင်းတင်ရာသီဥတုက အိုက်ချင်ချင်.
ခြံဝန်းခပ်ကျယ်ကျယ်နဲ့မို့.....အိပ်ယာနိုးနိုးချင်း Gardenလေးထဲ အရင် လမ်းခနလျှောက်ပြီးမှ ရေချိူးဖို့ပြင်တော့မယ်..
လောလောဆယ်...
ကိုယ်က တခြားလုပ်စရာလဲမရှိသေးတာမို့လို့......အရင်လို အလောတကြီးရေချိူးစရာမလိုဘူးမဟုတ်လား...
အခန်းတံခါးကိုဖွင့်...ဧည့်ခန်းဘက်လျောက်လာရင်းး...
ဝါး..ဇိမ်ကျလိုက်တာ
အိမ်မှာ...ယောက်ျားသားလဲမရှိတာမို့....ညဝတ်အကျီပေါင်တိုနဲ့ တဝါးဝါးသန်းရင်း ထွက်လာမိပေမဲ့...ဧည့်ခန်းထဲမှာ အခန့်သားထိုင်နေတဲ့....သူ
ကိုယ်ထွက်လာမဲ့ ဘက်ကိုမျက်နှာမူထိုင်နေတာမို့....
ကိုယ်အပြုအမူနဲ့...ပုံစံကို သူမြင်နေမှာအသေချာပဲ.....ယောက်ျားသားမရှိပေမဲ့..

သူ......

အချိန်မရွေးဝင်ထွက်နိုင်သလို....ရောက်နေနိုင်တာကို...

ကိုယ်မေ့နေမိတယ်ထင်ပါရဲ့.......

"အိပ်ပုပ်မလေး...နိုးလာတာရောဟုတ်ရဲ့လား.အိမ်မက်ယောင်ပြီး လမ်းလျှောက်နေတာလား"

"Daddy. ..ရောက်နေတာကြာပြီလား."

"ဆရာ...မနက်၈နာရီလောက်ထဲကရောက်နေတာ မမလေး"

ကိုယ့်နောက်ကနေ ရောက်လာတဲ့ ဒေါ်ညွန့်ကဝင်ပြောလိုက်မှ....

နံရံပေါ်ကနာရီလှမ်းကြည့်မိတယ်....

၁၀နါရီ.....ဘုရားရေ သူရောက်နေတာကြာပြီပေါ့..

"အာ..အက်ဒါများ Babyကို တယောက်ယောက်လာနှိုးလိုက်ရောပေါ့"

ကိုယ်ချစ်တဲ့.....သူ(Complete) Место, где живут истории. Откройте их для себя