ကိုယ်နိုးလာတော့ ထုံးစံအတိုင်း ..သူ မရှိတော့
တညလုံး ဝရံတာမှာပဲ အိပ်တာလား...
တရေးနိုး အိမ်ထဲမှ ဝင်ရဲ့လား...
စိတ်ပူသလို စိုးရိမ်သလိုအတွေးဝင်လာပေမဲ့ ချက်ချင်းထုတ်ပစ်လိုက်သည်.
ဘာပူစရာလဲ..ဘာအရေးစိုက်စရာလဲ
သူလို ရက်စက်တဲ့ သူကို..
ကိုယ့်အပေါ်ရက်စက်ခဲ့တာတွေ ရင်ထဲက နာတယ်..
မုန်းတယ်..
မုန်းတယ် စိတ်နာတယ်လို့တွေးနေတဲ့ကြားက သူ့အပေါ် စိတ်ပူတက်တဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိတယ်...
သူ့ ကိုယ်ပေါ်က ညိုမဲနေတဲ့ ဒဏ်ရာတွေကို မျက်လုံးထဲ ပြန်မြင်တိုင်း မျက်ရည်အလိုလိုကျမိတဲ့အထိ ဖြစ်နေတာတွေကိုလဲ မုန်းတယ်.....
မချစ်နဲ့တော့ဘေဘီ.... သူ နင့်အပေါ် ဂရုစိုက်နေတာလဲ သူ့ရင်သွေးလေးကြောင့်ပါ...အရည်ပျော်မသွားနဲ့
'' သမီးရေ သမီး ''
အသံပြုရင်း...အခန်းထဲ အလောတကြီးဝင်လာတဲ့ မေမေ...
'' သမီးရေ..သားလေ..သားဆေးရုံတင်ထားရတယ်တဲ့ သူ့ဝန်ထမ်းကောင်လေး ဖုန်းဆက်တယ် "
'' ရှင်... ဘာ..ဘာ.ဖြစ်တာတဲ့လဲ အခု အခု ဘယ်မှာတဲ့လဲ မေမေ ''
''Royal မှာ တင်ထားတယ်တဲ့ သမီး..မေမေတို...''
မေမေစကားကို ဆုံးအောင်တောင်နားမထောင်နိုင်...
ကိုယ်ပြေးထွက်လာခဲ့တယ်...
ဟင်အင်းမဖြစ်ရဘူး..သူ ဘာမှမဖြစ်ရဘူး
ကိုယ်ကြောင့် သူ့ကို ဝရံတာကနေ မနိုးမိတဲ့သူ့ကြောင့်...
'' အား.....မေမေ "
'' ဟယ် သမီးလေး.....ဟင် သွေးတွေ ဒုက္ခတွေတော့ များ ကုန်ပါပြီ ကောင်မလေးတွေ လာကြအုန်း "
...................................................................
'' ဆရာ "
သူမျက်လုံးဖွင့်ဖွင့်ခြင်း....ပြည့်စုံအသံကို ကြားလိုက်ရကာ....
'' ငါဘယ်ရောက်နေတာလဲ.."
'' ဆရာမူးလဲ သွားလို့ ကျွန်တော်ဆေးရုံခေါ်လာတာပါ ...သက်သာရဲ့လား "
ВЫ ЧИТАЕТЕ
ကိုယ်ချစ်တဲ့.....သူ(Complete)
Любовные романыနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...
