ကိုယ်ချစ်တဲ့..သူ ၂၆

12.1K 347 10
                                    

'' Hello "

'' Hello သားရေ အန်ကယ်လ်ပါ "

'' ဟုတ်ကဲ့ အန်ကယ်လ်သိန်း ဘာကိစ္စများရှိလို့လဲ ခင်ဗျ "

'' ဘေဘီအောင်မြင်သော် ဆိုတာ သားဇနီး မဟုတ်လား ဒီနာမည်မျိူးက ခပ်ရှားရှား ပါပဲ "

'' ဟင်...ဟုတ်တယ် အန်ကယ်လ် သူ ဘာဖြစ်လို့လဲ "

'' သြော် မဟုတ်ပါဘူး အန်ကယ်လ် company မှာ အလုပ်လျှောက်လွှာထဲ ဘေဘီအောင်မြင်သော် ဆိုတဲ့ လျှောက်လွှာပါနေလို့သား Winner Group ကြီး တခုလုံးရှိနေရက်နဲ့ အန်ကယ် Company သေးသေးလေးမှာ အလုပ်လျှောက်တယ်ဆိုတော့ ဟုတ်ရဲ့လားလို့ "

'' သြော် ဟုတ်တယ် အန်ကယ်လ်ရယ် သူ ကျောင်းပြီးရင် အလုပ်ဝင်မယ်ဆိုလို့ ကျွန်တော့ဆီဝင်ပါဆိုတာကို ကျွန်တော့အရိပ်နဲ့အလွယ်တကူရတာမလိုချင်ဘူးတဲ့လေ သူ့အရည်အချင်းနဲ့သူ ကြိုးစားချင်သတဲ့ မလုပ်ရဘူးပြောတာ ဘယ်အချိန်ဘယ်လို Form တွေ လိုက်တင်နေပါလိမ့် "

" အောင်မြင်မဲ့ ကလေးမပဲ သားဇနီး ပီသပါတယ် ဒါဆို အန်ကယ်လ် ဘယ်လိုလုပ်ပေးရမလဲ သား "

'' cancel လိုက်အန်ကယ် ကျွန်တော် သူ့ကို စိတ်မချလို့ပါ ဒီကလေးမ ငယ်သေးတော့ တဇွတ်ထိုးဆန်တယ်ဗျာ "

'' ok ok သားရေ ဟုတ်တာပေါ့ မာယာများတဲ့ လောကကြီးအကြောင်း သားဇနီးက ငယ်သေးတော့ နားလည်အုန်းမှာမဟုတ်ဘူး Cancel လိုက်ပြီနော် "

'' ဟုတ်ကဲ့ အန်ကယ်လ် ကျေးဇူးပါဗျာ "

'' ok See you နော် "

အန်ကယ်လ်သိန်း ဆိုတာ တခြားလူ မဟုတ် သူ့ ဖေဖေမိတ်ဆွေမို့ သူကိုယ်တိုင် အစအဆုံး company အတွက် ကူညီပေးခဲ့ဖူးသူ...
သူမ အလုပ်လျှောက်သတဲ့လား...

" တောက် "

သူ အလုပ်တွေလဲဆက်မလုပ်နိုင် အကုန် ပစ်ထားပြီး အိမ်အမြန်ပြန်လာခဲ့တယ်...
အလုပ်လျှောက်တယ် ဘာသဘောလဲ... ဘယ်လိုလဲကွာ..
ဦးအောင်မြင်သော် ရဲ့ဇနီးက အလုပ်လျှောက်နေသတဲ့ သူ့သိက္ခာတွေ အကုန်မြောင်းထဲပို့နေတာလား...လူသိရှင်ကြား လက်ထပ်ထားခဲ့တာ ဒီအသိုင်းဝိုင်းတခုလုံး သူမကို မသိသူ မရှိတော့.

ကိုယ်ချစ်တဲ့.....သူ(Complete) Où les histoires vivent. Découvrez maintenant