ကိုယ်ချစ်တဲ့သူ....၃၄

16K 359 4
                                    

ခြေချလိုက်တာနဲ့ အေးချမ်းတဲ့ မြို့လေး...

ဒီမြို့လေးကို သူ သဘောအကျဆုံးမို့ အမြဲလိုလို ရောက်ဖြစ်တယ်...
အလုပ်ကိစ္စ မရှိပဲလဲ စိတ်ရှုပ်ရင် စိတ်ညစ်ရင် ထွက်လာတက်တာ...အခုတော့ ချစ်ရတဲ့ သူမ လက်ကလေး ဆွဲရင်းပေါ့..

အေးအေးဆေးဆေး နားရအောင်....

သူမ သဘောကျတဲ့ ပန်းတွေနဲ့ အိမ်ကလေးဆီသာ အရင်ဆုံးမောင်းချ လာခဲ့တယ်..သမီးလေးမပါလို့ဆိုပြီး ငိုမဲ့မဲ့ ပါလာခဲ့တဲ့သူမလေးက အခုတော့လဲ အိပ်ပျော်ရင်း ပါလာလေရဲ့..
အရီးဆီ ဖုန်းဆက်ထားတာမို့ ..
အိပ်ပျော်နေတဲ့...သူမ လေးကို အသာပွေ့လိုက်ကာ အိမ်ပေါ်ခေါ်သွားဖို့စဥ်းစားလိုက်ပေမဲ့..

" daddy "

''အယ်နိုးသွားတာလား ကလေး ".

'' အင်း..ဘေဘီကိုချပေး ကို့ဘာကို သွားမယ် "

'' အမလေး ကလေးလေး မနိုးတနိုးနဲ့ ဒီကလေး သေးသေးလေးကိုတော့ ချီနိုင်ပါသေးတယ်ကွာ သေချာဖက်ထား "

သူမလေးကို ချီပြီး...အိမ်ထဲရောက်တော့ အရီးက

'' အိပ်ပျော်နေတာလားသား ''

'' ဟုတ်တယ် အရီး...ကျနော်တို့ ရေချိူးပြီးမှ ဆင်းခဲ့တော့မယ် ".

'' အရီး စားဖို့သောက်ဖို့ပြင်ထားတယ် သား..ပထမတခေါက်က ကလေးမလေးကို သမီးထင်နေတာ သားဇနီးဖြစ်နေတာကိုး "

သူ ပြုံးသာ ပြုံးလိုက်မိကာ သူမကို အခန်းထဲခေါ်လာခဲ့လိုက်တယ်..

လမ်းလျှောက်ပါမယ်လို့ ပြောခဲ့တဲ့သူမလေး ပြန်အိပ်ပျော်သွားပြီ..သူသိသားပဲ သူမ အိပ်ချင်နေတုန်းဆိုတာ..

ေရမိုးချိူး စားသောက်ပြီးရင် သူလဲပင်ပန်းလာတာမို့ဒီနေ့တော့ မြို့ထဲ အလည်ပတ်မထွက်ပဲ နားအုန်းမယ်..

သူရေချိူးပြင်ဆင်ပြီးတော့... သူမ နိုးလာတယ်..

'' တကယ်နိုးပြီလားကလေး "

'' ဟုတ် "

'' လန်းသွားအောင် ရေချိူးလိုက်အုန်း...ပြီးရင် ညနေစာ သွားစားကြမယ်... မနက်ဖန်မှ လည်ကြမယ်နော် "

ကိုယ်ချစ်တဲ့.....သူ(Complete) Tahanan ng mga kuwento. Tumuklas ngayon