အပိုင်း..၃၅ Final

36.9K 718 65
                                        

အခန်းထဲကနေ လှမ်းမြင်နေရတဲ့ ပင်လယ်ကြီးရဲ့ အလှတရားတွေကို ငေးကြည့်ရင်း...
ချစ်စဖွယ်အိပ်မောကျနေတဲ့ ချစ်ဇနီးလေးကို ပျော်ရွှင်စေဖို့သာ သူတွေးနေမိတယ်...

ဒီနေ့ဟာ သူတို့ မင်္ဂလာသက်တမ်း..( 5)  နှစ်ပြည့်တဲ့နေ့...

ဒါကြောင့် သူမလေးကို
သူ ကမ်းခြေဆီ ခေါ်လာခဲ့တာ ဖြစ်တယ်..

ဒီနှစ်တွေမှာ.... သူမ အိမ်မက်ဆိုးတွေက ရုန်းထွက်နိုင်လာခဲ့ပြီ..

မိုးရွာရင် ငိုနေတက်တဲ့ စိတ်ဒဏ်ရာဟာလဲ ပျောက်သလောက်ဖြစ်ခဲ့ပြီ...

သူမ အများကြီး ရင့်ကျက်လာခဲ့ပေမဲ့...

သူ့မျက်လုံးထဲတော့......

အရင်အတိုင်း ကလေးမလေး ပါပဲ....

အရင်အတိုင်း ချစ်ဖို့ကောင်းမြဲပါပဲ....

မဟုတ်ဘူး အရင်ထက်ပိုချစ်ဖို့ကောင်းလို့ပါပဲ....

တီတီတာတာနဲ့ ကလေးသေးသေးလေးတောင် ၅ တန်းကျောင်းသူဖြစ်နေခဲ့ပြီလေ..

မြန်မာစကားတောင် မပီကလာ ပီကလာ ကလေးလေးဟာ အခုတော့ Eng လိုတောင် မွှတ်လို့နေချေပြီ...
သူမ ကို မေမေ လို့ ခေါ်ပြီး....ချွဲတက်ပူဆာတက်နေပြီ..

ဟိုဘက်အခန်းမှာ သူ့အဖွားနဲ့တိတ်ဆိတ်နေပုံရရင် သမီးတို့မြေးအဖွားလဲ မနိုးသေးဘူးထင်ပါရဲ့..

'' Daddy "

အပေါ်ပိုင်း ဗလာကျင်း ဖြစ်နေတဲ့ သူ့ ခန္ဓာကိုယ်ကို နောက်ကနေ သိုင်းဖတ်လာတဲ့ သူမ...

" အစောကြိီးပဲ ရှိသေးတယ် အပြင်ကို ငေးပြီးဘာတွေတွေးနေတာလဲ.."

'' ကလေးနိုးလာပြီလား...အိပ်အုန်းလေ "

'' daddy မှ အနားမှာမရှိတာ ကလေး ဘယ်အိပ်တက်မလဲ နိုးလာတာပေါ့ "

'' အမလေး ချွဲစိန်လေး "

သူ ကျောပြင်ကို မှီထားတဲ့သူမကို ရင်ခွင်ရှေ့ဆွဲယူလိုက်တော့....သူ့ရင်ခွင်ထဲတိုးဝင်ရင်း

'' ပြောပါအုန်း ကလေးကို ထားခဲ့ပြီး ဘယ်မိန်းမအကြောင်း ထတွေးနေတာလဲ "

'' ဘယ်မိန်းမ ရှိရမလဲ ဟောဒီက ကိုယ့်မိန်းမ အကြောင်းပေါ့'' 

ကိုယ်ချစ်တဲ့.....သူ(Complete) Onde histórias criam vida. Descubra agora