ရေမိုးချိူးလိုက်တော့ တနေကုန် ညောင်းညာနေတာတွေ ပြေသွားသလိုရှိရဲ့....
နေ့လည်က Company မှာ.. သူ ကိုယ့်ကို ကာကွယ်ပေးတာလေးတွေ တွေးပြီး ပြုံးမိတယ်...
တနေကုန် ပျင်းနေပေမဲ့လဲ သူ့အနားရှိနေရတာမို့ပျော်သလိုလိုပါပဲ...
ကိုယ်တို့နှစ်ယောက်လုံး အပြင်ထွက်ကြတာမို့ ညစာပါ တခါထဲ ဝင်စားခဲ့တော့ ညစာစားရင်း ကိုယ်ကျောင်းတက်ဖို့ သူအကုန် စီစဥ်ပေးထားတာတွေ ပြောလာတယ်...
မကြာခင်..ကိုယ်ကျောင်းပြန်တက်ရတော့မယ် အာ့အချိန်ကျ သူနဲ့ တွေ့ဖြစ်ဖို့မလွယ်...
ကိုယ်ဒ်ိီရောက်တာ ၈ လတောင်ရှိခဲ့ပြီ
အခု နိုဝင်ဘာ ကျောင်းတွေက ဒီဇင်ဘာ မှာဖွင့်မယ်...
တလအတွင်း ကျောင်းပြန်တက်ဖို့ လိုအပ်တယတွေပြင်ရမယ်...
လုပ်စရာတွေ ကို ခေါင်းထဲ အစီရီ List လုပ်ရင်း....
သူနဲ့ကိုယ်တွဲလာတာ.......
ကိုယ်တို့ ကလောမှာ ပထမဆုံးစတွဲဖို့ အဖြေပေးတဲ့ရက်နဲ့ဆိုရင်...တနှစ် ပြည့်ခါနီးပေါ့...အချိန်သိပ်မကြာသေး ကိုယ်ဘယ်လိုရူးမိုက်မှု့နဲ့ သူ့ အစီအမံတွေအောက်တိုးဝင်ခဲ့ပါလိမ့်...
'' ကလေးမလေး...ဘာလုပ်နေလဲ "
'' ဂိမ်းဆော့မလို့ daddy ဘာခိုင်းမလို့လဲ "
''ခိုင်းမလို့မဟုတ်ပါဘူး...ကိုယ်အလုပ်တွေလုပ်စရာရှိနေလို့ ကလေးအဖော်လာလုပ်ပေးမလား..."
'' ဟုတ် daddy ''
ကိုယ်သူ့အခန်းထဲရောက်တော့ မုန့်တွေ ချပေးကာ
'' ရော့ကလေးမလေးက မုန့်စား ကိုယ်က အလုပ်လုပ်အုန်းမယ်နော်."
'' ဟင် baby ကို ခိုင်းစရာရှိလို့ခေါ်လာတာထင်နေတာ "
'' မဟုတ်ပါဘူး ကိုယ်အလုပ်လုပ်နေတုန်း ကလေးမလေးတစ်ယောက်ထဲ ကိုယ့်မျက်စိအောက်က ပျောက်နေရင် ဘာများလုပ်နေမလဲလို့ စိတ်မဖြောင့်လို့ အနားခေါ်ထားတာ.."
သူဘာသူပြောပြီး သူ့ဘာသူအလုပ်တွေရှုပ်နေတာမို့...ကိုယ်ဘာမှဆက်မပြောဖြစ်ပေမဲ့...
ပို ကို ပိုတယ် လို့စိတ်ထဲတွေးမိကာ ကြည်နူးမိတာလဲ အလိုလို..
သူဟာ တကယ် အလုပ်လုပ်နေတဲ့အချိန် တကမ္ဘာလုံးကို မေ့နေတက်တယ်ထင်ရဲ့...အလုပ်လုပ်နေတဲ့ပုံစံဟာ သာမန်အချိန်နဲ့မတူ
ဒီနေ့တနေကုန် သူအလုပ်လုပ်တာပဲ ကိုယ်ထိုင်ကြည့်နေရပါလား....ဟွန်း..
မုန့်စားလိုက် ဂိမ်းဆော့လိုက်နဲ့ ေခြ ချူပ်မိနေလေရဲ့....
YOU ARE READING
ကိုယ်ချစ်တဲ့.....သူ(Complete)
Romanceနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...
