ကိုယ်ရုပ်ရှင်ရုံထဲ ဝင်လာတော့ ရုပ်ရှင်က စ ခါနီးနေပြီရယ်......
ခပ်မှောင်မှောင်ဖြစ်နေတဲ့ အချိန် ကိုယ့်လက်ကို ခပ်အေးအေး လက်ကလေး လာကိုင်တယ်....ကြည့်လိုက်တော့ ကိုယ်ထိုင်ရမဲ့ ခုံဘေးက...
ခုန ကလေးမလေး ကိုယ့်ကိုပြုံးပြနေတာများ...ချစ်စရာလေးရယ်
တနေ့ကိုယ်လဲ ဒီလို ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ချင်သား..
ဒါပေမဲ့ ကလေးမွေးဖို့ကျ ယုံကြည်ချက်မရှိပြန်ဖူး..
အရုပ်ကလေးဆိုလဲအကောင်းသား..ဝယ်လို့ရ ရင် ဝယ်ထားချင်ရဲ့
မုန့်ကလေးစားလိုက်....
ကာတွန်းကားကိုကြည့်ပြီး သဘောတွေကျနေဟန်နဲ့ တခွီခွီးရယ်နေလိုက်သေးတာ...
အသည်းတွေယားလို့...အာ့ကလေး မျက်နှာလေးသာ ငေးနေမိရဲ့
အင်း.....သူ ကိုယ့်အပေါ်မြင်တဲ့အမြင်က ဒီလိုမျိူးလေးများလား လို့တွေးမိပြီး ရင်ထဲ သိမ့်ခနဲ ကြည်နူးမိသလို သူ့ကိုလွမ်းလာတယ်
ရုပ်ရှင်ပြီးရင် သူနဲ့တွေ့ဖို့ ကြိုးစားအုန်းမှ....
"ကလေးမလေး ကိုယ်ရုပ်ရှင်ရုံရှေ့မှာစောင့်နေတယ်...ရုပ်ရှင်ပြီးရင် ဖုန်းဆက်နော် ချစ်တယ် "
သူ့ဆီက messဝင်လာတာနဲ့...... ရုပ်ရှင်တွေ မေ့လို့ ချက်ချင်းပြေးထွက်လာမိတယ်
ကိုယ်လွမ်းနေတုန်း..သူရောက်လာတယ်ဆိုတဲ့ ကြည်နူးမှု့လေး ....
Instaကနေ ကိုယ် ရုပ်ရှင်ကြည့်နေကြောင်း လတ်မှတ်ကလေးနဲ့ ပုံလေးပိုလိုက်ပေမဲ့ လာကြိုပါလို့ မပြောမိပါဘူး...
အလိုက်သိလွန်းတယ်....
အလို လိုက်လွန်းတယ်.......
ကိုယ့်အတွက် တကယ်ကိုကောင်းလွန်းတဲ့အမျိူးသားပါပဲ...
ကိုယ်ထွက်သွားတော့ ရုပ်ရှင်ပြီးချိန်မဟုတ်သေးတာကြောင့် လူရှင်းပြီး သူ့ကားကို တန်းတွေ့တယ်..
"ဒေါက်..ဒေါက်''
ကိုယ်တံခါးမှန်ကိုခေါက်လိုက်တော့.....မှန်ချလာပြီး
"အာ.. ကလေး"
ကားပေါ်တက်ထိုင်လာတဲ့ ကိုယ့်ကိုတအံတသြကြည့်ရင်း...
"ဘာလို့ထွက်လာခဲ့တာလဲ....ကိုယ်ရောက်လာလို့ အားနာလို့လား...အာကွာ..sry babyရာ ကိုယ့်ကြောင့်ရုပ်ရှင်တောင် မကြည့်ရပြန်ဘူး"
"မဟုတ်ပါဘူး...daddyကို လွမ်းနေတုန်း messဝင်လာတာနဲ့ မစောင့်နိုင်တော့လို့ တန်းထွက်လာတာ"
ВЫ ЧИТАЕТЕ
ကိုယ်ချစ်တဲ့.....သူ(Complete)
Любовные романыနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...
