" ကိုယ်ရှိပါတယ်ကလေးရယ် မငိုနဲ့တော့နော် "
ကိုယ်ခေါင်းလေး ကို ပွတ်သပ်ပေးရင်း သူချော့နေတော့ ပိုငိုချင်လာတယ်....
ဒါလဲမိန်းကလေးတွေရဲ့ထုံးစံပဲမဟုတ်လား.....
အားကိုးမရှိရင် တယောက်ထဲ ရုန်းကန်ရှင်သန်ကြသလို...
အားကိုးစရာရှိလာရင်လဲ...အလုံးစုံအားကိုးပြီး ဘာဆိုဘာမှမလုပ်တက်တော့တာမျိူး....
သူ့ရင်ခွင်ထဲ ခေါင်းတိုးထားတဲ့ ကို့မျက်နှာလေးကို ဆွဲယူမော့ကာ....
ကုတင်မှာ ထိုင်စေပြီး သူလဲ ကို့ဘေးဝင်ထိုင်ပြီး မျက်နှာချင်းဆိုင်ထိုင်လျှက်
" ကလေးမလေး...မငိုပါနဲ့တော့ကွာနော် ကိုယ်တောင်းပန်ပါတယ် မတွေဝေနေပဲ ချက်ချင်းပြေးလာခဲ့သင့်တာ..."
ကိုယ့်ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း...
" တိတ်ပါတော့ကွာနော် ကလေးမျက်ရည်မြင်ရတာ ကိုယ်ရင်နာလှပြီ "
သူ့ရဲ့အပြူအမူ အပြောအဆိုတခုချင်းစီတိုင်းက ကို့ရင်ကိုနွေးထွေးစေပါတယ်..
ကို့ပါးပြင်ပေါ်က မျက်ရည်တွေ သုတ်ပေးရင်း ပြုံးပြနေတဲ့သူ့အပြုံးတွေက တကယ်ကို နူးညံပြီး ဆွဲဆောင်မှု့ရှိနေပြန်ပါရော....
" Daddy "
" ဗျာ ကလေး "
'' မိုးကဘယ်အချိန်ထိရွာမှာလဲ...မီးကရော ဒီည ပြန်လာပါ့မလား "
'' မိုးက တိတ်အုန်းမဲ့ပုံမရှိဘူးကလေးရယ် မုန်တိုင်းရှိတယ်လဲ ကြားတယ် မိုးတအားသည်းနေရင်မီးလဲ ပြန်လာပါ့မလားမပြောတက်ဘူး..မီးစက်တော့ရှိမယ် ကိုယ်လဲ ဒီအိမ်နေနေကျမဟုတ်တော့ တချက်သွားကြည့်....."
ပြောလဲပြော ထ ထွက်သွားဖို့ပြင်နေတဲ့ သူ့လက်ကို ဖမ်းဆွဲကာ
" Daddy "
ရှုံမဲ့မဲ့ ကို့မျက်နှာကို ငုံကြည့်ရင်း...
" အာ..ဟုတ်ပြီ ဟုတ်ပြီ ကိုယ်ကလေးကို တယောက်ထဲ ထားခဲ့ပြီး မသွားတော့ဘူးနော် "
'' မိုးမတိတ်မချင်း ဘယ်မှ မသွားရဘူးနော် "
'' ဟုတ်ပါပြီဗျာ ကလေးအိပ်တော့နော် ကိုယ်စောင့်နေပေးမယ်..."
YOU ARE READING
ကိုယ်ချစ်တဲ့.....သူ(Complete)
Romanceနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...
