ကိုယ်က ရှူခင်းတွေကို ငေးမောပြီးပြုံးနေမိသလို သူက ကိုယ့်ကိုငေးကြည့်ရင်း...ပြုံးနေလေရဲ့....ဒီလိုသဘောကျခြင်းအပြည့်နဲ့ ငေးကြည့်ခံခဲ့ရတာ ဘယ်အချိန်နောက်ဆုံးရခဲ့လဲ ဒီလိုအကြည့်မျိူး...
ကိုကြီးဆီကနေ ရကော ရခဲ့ဖူးရဲ့လား....
ကိုယ်မမှတ်မိအောင်အထိ ကြာခဲ့ပြီဖြစ်သလို........
ဘယ်တုန်းကမှမရခဲ့ဘူးတဲ့ ကြည်နူးခြင်းအပြည့်နဲ့ပါပဲ..ကိုယ့်ကို မြတ်မြတ်နိုးနိုးငေးကြည့်ခံရတာကို... ဘယ်မိန်းကလေးက မကြိုက်ပဲရှိပါ့မလဲနော်...
"ကလေးမလေးက ကိုယ်ပေးထားတဲ့နာမည်နဲ့လိုက်အောင် တကယ့်ကလေးလေးပဲကွ"
"မဟုတ်ပါဘူးနော်..သူ သိတာကျနေတာပဲ.."
"သြော် ကြည့် လူကြီးကိုခံငြင်းနေပြန်ပြီ..."
ကိုယ့်နဖူးလေးကို ခပ်ဖွဖွထုရင်း
"ကိုယ် မညာတက်ဘူး တကယ်ပြောတာ...ကလေးမလေးမှာ..ကလေးတစ်ယောက်လို အပြူအမူအပြောအဆိုလေးတွေအပြင်...ကလေးတစ်ယောက်လို ဖြူစင်မှု့လေးတွေလဲကိုယ်တွေ့ရတယ် ပြီးတော့..အဓိက အကျဆုံးအချက်က ကလေးလေးလို သိပ်ချစ်ဖို့ကောင်းတာ"
ပြောလဲပြော ကို့ပါးကိုဆွဲလိမ်ကာ
"အထူးသဖြင့်...ဒီပါးဖောင်းဖောင်လေးတွေပေါ့"
"အား..."
"ဟောဗျာ နာသွားတာလား sorry ကိုယ်အရမ်းအသည်းယားလာလို့...အားပါသွားတယ်ထင်တယ် အဲ့ဒါကြောင့်မဆွဲရဲတာကွ"
ပြောရဲပြော..စိတ်မကောင်းဖြစ်သွားပုံရကာ ကိုယ့်ပါးတွေကို ခပ်ဖွဖွပွတ်သပ်ပေးရင်းကနေ....
ခပ်အေးအေးရာသီဥတုကြားကနေ.. သူပေးလာတဲ့ ခပ်နွေးနွေးအနမ်းလေးကိုယ်ပါးပေါ်အတိအကျ ထိတွေ့လာခဲ့တယ်
"အာ..ဆရာနော်..လူလည်"
"ဟား...ဟား..ဒီပါးလေးတွေကို ဆွဲဖို့ နမ်းပြစ်ဖို့ ကြံနေတာကြာပြီကွ"
ဘယ်သူ ပြောလဲနော်....အသက်ကွာတဲ့ဦးတွေဟာ မရိုတက်ဘူးလို့.
သူ့ကျမှ ရိုနေလိုက်တာ စကားလုံးတွေအပြင် အပြူအမူနဲ့..အကြည့်တွေကအစ
တကယ့်ကို ကိုယ့်လိုအရွယ်ဆယ်ကျော်သက်လူငယ်လေးအတိုင်းပဲ
ВЫ ЧИТАЕТЕ
ကိုယ်ချစ်တဲ့.....သူ(Complete)
Любовные романыနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...
