ထိုနေ့က စပြီး...
သူမ သူ့အပေါ် အရင်ထက် ပို ရှောင်လာတယ်...ဆုံခဲ့ရင်တောင် မာကြောတာမျိူးလဲ မဟုတ်....
ခံစားချက်မဲ့နေတဲ့....အကြည့်ခပ်စိမ်းစိမ်းတွေသာ သူဆီရောက်တာတက်တယ်...
သူမ ဒေါသနဲ့ ကိုက်ထား ကုပ်ဖဲ့ထားတာမို့...
သူခန္ဓာကိုယ်အနှံ ညိုမဲ့စွဲနေသလို....သွေးစို့အောင်ထိ ကိုက်ချခဲ့တာမို့ ထိလိုက်တာနဲ့ နာကျင်နေသေးသည်...
သူမရှေ့မှာ အနေထိုင်ဆင်ခြင်နေမိတယ်...
သူမ အောက်ထပ်ရောက်နေတုန်း....
သူအကျီတွေ ဆွဲထုတ်ရင်း ရေချိူးခန်းထဲ အမြန်ပြေးဝင်ခဲ့မိတယ်..
သူ့ဒဏ်ရာတွေ မမြင်စေလို.. သူတပါးအပေါ် နာကျင်အောင်မလုပ်တက်တဲ့ကောင်မလေးက သွေးစို့တဲ့အထိ ကိုက်ပစ်မိအောင်အထိ ရင်ထဲ ဘယ်လောက်တောင် နာကျင်နေလိုက်သလဲ...
သူမ အနိုင်ကျင့်ခံခဲ့ရတာကို သူ....မြင်ခဲ့တာတောင် ကာကွယ်ပေးရမဲ့အစား အထင်လွဲလိုက်သေးတယ်.....
" အား.."
ဒါသူမ အသံ....
သူအမြန် တွေ့ရာ သဘက်အမြန်ပတ်ကာ သူမဆီပြေးထွက်လာမိရက်သားဖြစ်သွားကာ..
" ကလေး..ဘာဖြစ်တာလဲ.."
'' တံခါးနဲ့ လက်ညပ်မလိုဖြစ်သွားလို့ "
'' ဟာကွာ နာသွားသေးလား "
သူမ လက်တွေကို ဆွဲယူလိုက်ကာ ဒဏ်ရာ ရှိမရှိ စစ်ဆေးနေစဥ်..
သူမ မျက်လုံးလေးတွေက သူ့ခန္ဓာကိုယ် အနှံရွေ့လျားနေလေရဲ့...သူ သတိလက်လွတ်ပြေးထွက်ခဲ့မိတာ...
ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်း...
သူမ တွေ့သွားပြီပေါ့...
မျက်နှာလေးကို ကြည့်လိုက်မိတော့...
ဒဏ်ရာတွေအပေါ်ကြည့်နေတဲ့ သူမ မျက်လုံး တခြားဆ်ီ ရွှေ့ပစ်လိုက်တယ်..
စိတ်ပူတဲ့ အငွေ့အသက်ကလေး ခနဖြတ်သန်းသွားပေမဲ့ ချက်ချင်းအမူယာကိုထိန်းလိုက်တာ.." ကျမ နားချင်ပြီ အဲ့လက်ကို လွှတ်ပေးမလား ''
" နေကောင်းရဲ့လား baby ဘာစားချင်တာရှိလဲ ကိုယ်ဝယ်ပေးမယ်လေ Cake လား "
أنت تقرأ
ကိုယ်ချစ်တဲ့.....သူ(Complete)
عاطفيةနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...