လှည့်ကြည့်စရာမလိုပဲ သူ သိတယ်...
ပြေးထွက်သွားတဲ့ သူမ မျက်ရည်တွေကျနေမယ်ဆိုတာ..
သူမ လက်က ပလာစတာကပ်ထားတဲ့ ဒဏ်ရာလေးရယ်
သူမ မျက်ရည်တွေရယ်ကို မြင်ရတာ သူ့ရင်ထဲ မကောင်းသူစိတ်ပျော့သွားတိုင်း...
သူမနဲ့ သူမကိုကြီး နမ်းနေကြတဲ့ ပုံတွေ ပြန်မြင်ယောင်လာပြီး နာကျင်ရတာအကြိမ်ကြိမ်
မနက်ကလို ကြမ်းပြင်ပေါ်သွေးစက်ကလေးတွေကျတဲ့အထိ နာကျင်သွားဖို့မပြောနဲ့
မျက်ရည်စက်ကလေးတွေ ကျရင်တောင် ရင်ထဲနာကျင်နေတဲ့အထိ သူမအပေါ်ချစ်ခဲ့တဲ့ကောင်ပါ...ဘာပဲလုပ်လုပ် အောင်မြင်ရမှ အနိုင်ရမှ ကြိုက်တဲ်ကောင်ဟာ သူမနဲ့မှ သဘောထားကြီးကြီး စွန့်လွှတ်ပြီး ထွက်သွားရအောင်အထိ ပထမဆုံးအကြိမ် အရှုံးပေး လက်လွှတ်ပေးခဲ့တာ...
ထွက်သွားဖို့လမ်းဖွင့်ပေးခဲ့တုန်းက မသွားခဲ့ပဲ လက်ထပ်တဲ့အထိ အကုန်ခေါင်းညိမ့်ခဲ့ပြီး...
လူသိရှင်ကြား..သူ့ဘဝထဲ တိုးဝင်လာခဲ့ပြီးမှ..ကိုယ်ပေးထားတဲ့ ယုံကြည်မှု့ တွေ ချနင်းပြီး..သစ္စာဖောက်ခံရတဲ့အတွက် ပိုနာကျဥ်းတယ်..
သူ့..မာနတွေက ခွင့်လွှတ်ဖို့လက်မခံချင်...
သူမကို စွန့်လွှတ်လိုက်ဖို့ တွေးပေမဲ့ သူလွယ်လွယ်နဲ့ အရှုံးမပေးချင်တော့...
သူ လွှတ်ပေးလိုက်ရင် သူတို့ဇာတ်ပေါင်းထုတ်ဖို့အတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားမှာမို့..တစ်ဘဝလုံး လုံးဝလွှတ်မပေးနိုင်ဘူး...
သူ့အနားမှာနေရင်း နာကျင်နေစေရမယ်.....
သူအမုန်းဆုံး သစ္စာဖောက်ခြင်းကိုမှ သူမ လုပ်ပြခဲ့တယ်...ဒါတွေဟာ အလိုလိုက်ပြလွန်းလို့ပဲ
နာကျင်ရင်း ရှင်သန်သွားဖို့ မင်းဟာ ထိုက်တန်တယ် ဘေဘီ..
နာကျင်စေဖို့ ရည်ရွယ်ပေမဲ့ မင်းအပေါ်လက်တောင်မပါရက်တဲ့ ကောင်ကိုမှ မင်းမို့လို့...
သူ့ဘာသူတွေးရင်း ဒေါသက ပိုထွက်လာတယ်..မျက်လုံးတွေမှိတ်ထားရင်း အိပ်ဖို့ကြိုးစားနေပေမဲ့ အိပ်မပျော်...
သူ့ဘေးကို ပြန်မရောက်လာတဲ့ သူမ အခုထိများငိုနေတုန်းလား...စွတ်ငိုနေရင် ခေါင်းတွေကိုက်နေမှဖြင့်...
YOU ARE READING
ကိုယ်ချစ်တဲ့.....သူ(Complete)
Romanceနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...