ကိုယ်ချစ်တဲ့......သူ.....4

20K 545 1
                                        

Followလုပ်လာတဲ့ acc profileလေးထဲဝင်ကြည့်ပြီး အလိုကျတဲ့အပြုံးတစ်ချိူ့ဖြတ်ပြေးသွားသည်....သူလိုချင်တာ ဒါပဲလေ...
အမြဲ low profile နဲ့နေတက်တဲ့သူက သူမတမင်မြင်အောင် insta new accဖွင့်ပြီး သူ့ပုံတမင်တင်ထားလိုက်တာ

"ကိုယ်သိတာပေါ့ မင်းလိုချာတိတ်တွေက Social mediaကိုသုံးကြမယ်ဆိုတာ"

သူ့ဘာသူ တစ်ယောက်ထဲရေရွတ်ရင်း...သဘောတွေကျနေမိတယ်...တကယ်ဆို သူက Groupတခုရဲ့ ဥက္ကဋ္ဌ ဒီလို ဂနာမငြိမ်တာမျိူး မဖြစ်ခဲ့ဖူးတာအမှန်ပါ
ကလောWinner Hotelမှာ သူနဲ့နာမည်တူတဲ့...ဘေဘီအောင်မြင်သော် ဆိုတဲ့ကလေးမလေးတစ်ယောက်ရှိတယ်ဆိုတာ သိသိချင်း နာမည်ကြောင့်စိတ်ဝင်တစားရှိခဲ့တာ ဝန်ခံပါတယ်   ဥက္ကဋ္ဌသမီး လို့စနောက်ခေါ်ကြတာတွေအထိ သူသိတယ်....
ကလောရောက်ရောက်ခြင်းမသိမသာ ကိုယ်စိမ်းနေလောက်မဲ့ မျက်နှာမျိူးလေးကိုရှာရင်း ကလေးတွေရဲ့ Name tagတွေတောင်မသိမသာဖတ်မိတဲ့အထိပါပဲ....သူ့ကိုယ်သူသတိထားမိလာတော့ ချက်ချင်း သိက္ခာထိန်းရသေးတယ်...
တကယ်ဆိုသူ့အရွယ်က တည်ငြိမ်နေရမှာလေ Nameတူယုံနဲ့ မြီးကောင်ပေါက်လို့ရှာဖွေနေရအောင် ကလေးလဲမဟုတ်တော့ဘဲကွာ..
ဒီလိုနဲ့ သူလာတိုင်း အမြဲဝန်ထမ်းအဆောင်တည်းနေကျမို့ ထိုကလေးမကို စိတ်ထဲက ထုတ်ပြီး အဆောင်ဘက်လျှောက်လာခဲ့တယ်...hotelအပြင်ဆင်ကိုတော့ ဂရုတစိုက်ပြင်ဆင်သန့်ရှင်းကြပေမဲ့ သူတို့နေတဲ့ အဆောင်...အဆောင်ဆိုပေမဲ့ ကြီးကြီးမားမားလဲမဟုတ်ပါဘူး.... ရန်ကုန်ကနေပို့တဲ့ဝန်ထမ်းတွေက ဒီမှာနေရလဲအများဆုံး ၃နှစ်ပဲ အာ့လောက်ထိ ထားတာခပ်ရှားရှား အမြဲလိုလို ပြန်ပြောင်းပေးတာရယ် ကြောင့် ရန်ကုန်ကလာတဲ့ဝန်ထမ်းက အမြဲလိုလို ဆယ်ဂဏန်းလောက်သာရှိတက်တာမို့...အခန်း၁၅ခန်းနဲ့ အပေါ်အောက် နှစ်ထပ် အဆောက်ဦးလေးသာသာရယ်ပါ.....
သူရောက်တုန်း ကလေးတွေအဆောင် ပြုပြင်စရာရှိမရှိစစ်ဆေးပြီးမှ..သူလာတိုင်းတည်းနေကျအခန်းဆီ သွားမယ်.......

"အင်း.သူတို့နေတဲ့အဆောင်ကိုလဲ ဟိုတယ်အခန်းတွေလို စနစ်တကျ သန့်သန့်ရှင်းရှင်း ဖုန်တစက် အမှိုက်တစ်စ မရှိအောင် လုပ်ကြသားပဲ....ေတာ်တယ်"

ကိုယ်ချစ်တဲ့.....သူ(Complete) Место, где живут истории. Откройте их для себя