ဒီနေ့တော့ မနက်စာရော နေ့လည်စာပါ အပြင်မှာပဲ စားနေရတာမို့...
ကိုယ့်အတွက် ငြီးငွေ့ချင်လာတယ်....
အစထဲက ဘာမှသိပ်မချက်တက်ပေမဲ့ အပြင်မှာ စား ရတာကိုယ်က သိပ်မကြိုက်...ပြီးတော့...သူ လဲ ရှိနေတာမို့ ညနေစာကို ချက်ပြုတ်စားဖို့ စဥ်းစားမိတယ်....
ဘာချက်ရမလဲ စဥ်းစားရင်း... တမနက်လုံး အပြင်သွားထားတာကြောင့် အိပ်ယာပေါ်ခန လှဲနေမိတယ်..
သူကတော့ ပြန်ရောက်ရောက်ချင်း အခန်းထဲ ဝင်သွားပြီး ဘာတွေရှုပ်နေတယ်မသိ..
နားရက်တောင်အလုပ်တွေ သယ် လုပ်နေတာလား...
ဒါမှမဟုတ်...အလုပ်တွေ မပြတ်တဲ့ ကြားက ကို့ကြောင့် နားရတာလား.....ဖုန်းသုံးရင်း....မှေးခနဲ အိပ်ပေါ်မှန်းမသိ အိပ်ပျော်သွားခဲ့တယ်...
ဘယ်လောက်အထိ အိပ်ပျော်သွားတယ် မသိ...
ညစာ ချက်ရမယ်ဆိုတဲ့အတွေးနဲ့...မျက်လုံးကို အားယူ ပြီးအဖွင့်..
ကိုယ့် ကုတင်ဘေးမှာ...ထိုင်ပြီး.. ပြုံးကြည့်နေတဲ့ သူ.." daddy "
" ခလေးလေး အိပ်ချင်နေတာကို ဘာလို့ အတင်းမျက်လုံးလေး မရမက ဖွင့်နေတာလဲ "
ဘယ်အချိန်တည်းက ရောက်နေတယ်မသိ..ရယ်ပြုံးပြုံး နဲ့သူ့အပြောကြောင့်
" ညစာ ပြင်ရအုန်းမယ်လေ Daddy ရဲ့ "
ကိုယ်ပြောရင်း အိပ်ယာမှ ထ ထွက် လာဖို့ ပြင်လိုက်တယ်...
'' အမယ် ကြီးကြီးကျယ်ကျယ် ကလေးမလေး ပင်ပန်းမယ်နော် ကိုယ်ဘာမှမကူနိုင်လောက်ဘူး..
အလုပ်တွေ ကျန်သေးလို့ကွာ မှာပဲစားလိုက်မယ်လေ "'' အပြင်စာ စားရတာ ငွေ့ တယ်.. ကဲပါ လုပ်စရာရှိတာသွားလုပ် baby လဲ ချက်ဖို့ ပြင်တော့မယ် "
ကိုယ်အိပ်နေရင် သူအမြဲ လာကြည့်နေတက်သလားမသိ....
ကိုယ်ဘယ်လိုပံု အိပ်ပျော်နေမှန်း မသိတော့ ရှက်လာသလိုလို ခံစားရတယ်...ကော်ဖီ ထွက်ဖျော်ပုံရတယ် ကော်ဖီခွက်ကလေး ကိုင်ရင်း...သူ့အခန်းထဲ သူ ပြန်ဝင်သွားလေရဲ့..
မီးဖိုချောင်ထဲ ရောက်နေပေမဲ့ အချက်အပြုတ်မကျွမ်းတော့ ဘယ်က စ ကိုင်ရမှန်းမသိ...
![](https://img.wattpad.com/cover/251053582-288-k279799.jpg)
ESTÁS LEYENDO
ကိုယ်ချစ်တဲ့.....သူ(Complete)
Romanceနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...