ကိုယ်ချစ်တဲ့...သူ ၃၀

17.1K 429 6
                                        

" အော့....."

ဒီရက်ပိုင်း သူမ ပျိူ့အန်တာတွေ ပိုဆိုးလာတယ်....
ဘာစားစား ပြန်အန်ထုတ်နေတာမို့..

အစထဲက ခပ်သေးသေးကလေးမလေးဟာ..

အခုဆို ဖြူလျှော့လျှော့ အားမရှိပုံလေး ပေါက်လာတယ်..

အခုလဲ သူ့အတွက် အားရှိအောင် ညစာကို သေချာ ပြင်ဆင်ပေးထားတာပေမဲ့...အနံရတာနဲ့ ပြေးအန်နေရှာပြီ..

သူမ ပုံစံလေးမြင်ပြီး ရင်တွေနာလိုက်တာမှ....
ဘယ်လောက်တောင်ပင်ပန်းလိုက်မလဲ..

ရေချိူးခန်းထဲ ပြေးဝင်သွားတဲ့ သူမ နောက်ကနေ လိုက်ဝင်ရင်း...

" အဆင်ပြေရဲ့လား...ကလေး "

'' အင်းပြေပါတယ် ရှင်အစားသောက်ပျက်မယ် သွားပါ "

'' ကလေးရယ် ကိုယ်အစားသောက်ပျက်တာ ဘာအရေးလဲကွာ...
ကလေးအားနည်းနေတာမှ ကိုယ်ထက် ပိုဆိုးနေတာပဲကို...အခု ရင်ထဲ ဘယ်လိုနေလဲ "

''အခန်းပြန်နားချင်တယ်...ခေါင်းနဲနဲမူးတယ် "

'' ကိုယ်တွဲပို့ပေးမယ်နော် "

''အင်း "

သူမ ပခုံးလေးကနေ သိုင်းဖက်ရင်း...သူတွဲပေးလိုက်တော့..
ခပ်သေးသေး ခန္ဓာကိုယ်လေး သူရင်ခွင်ထဲရောက်လာတယ်...

" သေချာ ကိုင်ထား ကလေး "

သူ....ပြောပြီးတာနဲ့ ခန္ဓာကိုယ်သေးသေးလေးကို ပွေ့ချီလိုက်တယ်..

"အာ..ဘာလုပ်တာလဲ "

'' ငြိမ်ငြိမ်နေ ကလေးမလေး "

သူမ ငြိမ်ငြိမ်လေးပဲ လိုက်လာခဲ့တယ်....သူ့လည်ပင်းတွေ သိုင်းဖက်ထားတာမို့..
သူပြုံးလိုက်မိတယ်..

" ကလေးမလေးက လိမ္မာတယ် "

သူမ ဘာမှပြန်မပြော အခန်းထဲရောက်တော့မွေ့ယာပေါ်အသာချပေးရင်း

" ကလေး ".

''အင်း "

'' ဘာစားစား ဒီလိုပဲ ပြန်ထုတ်နေတော့မှာလား "

'' ဘယ်သိမလဲ သူများကကော ထုတ်ချင်တယ် မှတ်နေလား "

'' ကလေးက ဘာမှ မစားတော့ ကိုယ် စိတ်ပူလို့ပါကွာ...ကိုယ်အစားခံပေးလို့ရလဲအကောင်းသား...
ကလေး..ဘာစားချင်တာရှိလဲ.."

ကိုယ်ချစ်တဲ့.....သူ(Complete) Dove le storie prendono vita. Scoprilo ora