မနက်စာ စားရင်း ခုန ကိုကြီးရဲ့ မျက်ဝန်းတွေအကြောင်းတွေးမိတော့ စိတ်နဲ့ကိုယ်နဲ့မကပ်ချင်..
အဓိက က သူ့သိသွားမလား စိုးရိမ်မိတာ ဖွင့်ပြောလိုက်ရမလား.....
တွေဝေရင်း...သူ့မျက်နှာကတော့ ပကတိ တည်ငြိမ်လို့ ဘာမှသိပုံမရ..သူ မသိသော်ငြား ကိုယ့်မှာစိတ်မလုံချင်....
ဖုန်းတစ်လုံးနဲ့ အလုပ်ကိစ္စ တွေပြောရင်း..ကိုယ့်ကိုပြုံးပြလိုက် မုန့်တွေစားဖို့ထိုးပေးလိုက်.
အလုပ်ရှုပ်နေတာတောင် ကို့အပေါ်ဂရုစိုက်မပြတ်..အားနာရပါတယ် daddy ရယ်....
" baby ဝ ပြီ daddy အလုပ်ကိစ္စတွေ ပေါ်နေပြီ မလား baby တို့အမြန်သွားရအောင်လေ "
'' ဟာကွာ ကို့ကလေးမလေး အာ့လို့ အလိုက်တွေသိနေတော့ ကိုယ်က ပျော်လဲပျော်သလို စိတ်ထဲလဲမကောင်းဘူး..
ကလေးမလေး ကို့အပေါ်နားလည်ပေးရတာများပြီ '''' အာ..မဟုတ်တာ daddy ကလဲ နာတယ်သာတယ်မရှိကြေးလေ "
''အမလေး ချစ်ဖို့ကောင်းနေတာ ဟုတ်ပါပြီဗျာ "
bill ရှင်းပြီး ကိုယ်တို့ထွက်ခဲ့တော့...ဆက်တိုက်လာနေတဲ့ ဖုန်းတွေဖြေရင်း..ကိုယ့်လက်ကို လုံးဝမလွှတ်ဆုပ်ကိုင်းထားရင်း...
ကားပေါ်ရောက်တော့.." ကိုယ်နောက် ၅ မိနစ်ဆိုရောက်ပြီ ပြည့်စုံ ဒါပဲ "
ph ချပြီး...ကားမောင်းထွက်ခဲ့တယ်..
company ရောက်တော့လဲ Lobby ကနေ သူ့ရုံးခန်းရောက်တဲ့အထိ တောက်လျှောက် ကို့ လက်ကိုဆွဲကိုင်ထားရင်း...လုံးဝမလွှတ်..
ဘယ်သူတွေ ဘယ်လိုမြင်မြင် ကို့လက်ကိုဖြုတ်မချခဲ့တဲ့ သူ......
ရောက်တာနဲ့ တောက်လျှောက် meeting တွေလုပ် အလုပ်တွေရှုပ်နေတော့တာပါပဲ...
သူ့ရုံးခန်းထဲ ထိုင်စောင့် နေရင်း...
Game ဆော့လိုက် အင်တာနက်သုံးလိုက်ပါပဲ...တချက်တချက် အလုပ်ရှုပ်နေတဲ့ ကိုယ်မြင်နေကျ ပုံစံနဲ့ ကွာခြားတဲ့ သူ့ကို ခိုးကြည့်ရင်း သဘောကျမိတာလဲအကြိမ်ကြိမ်..
" မင်းနဲ့မင်းလူကြီး ပြုံးနေတာ မြင်ရတာ ကိုယ်မင်းအစားဝမ်းလဲသာမိသလို..ရင်ထဲကလဲ နာကျင်မိတယ် baby ရယ် ''.

ESTÁS LEYENDO
ကိုယ်ချစ်တဲ့.....သူ(Complete)
Romanceနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...