ကိုယ်ချစ်တဲ့...သူ ၂၁

12.4K 372 2
                                    

ဒီလိုနဲ့ပဲ ကိုယ်တို့စေ့စပ်ပွဲအတွက် ပြင်ဆင်ရင်း သူကတော့ အလုပ်တွေရှုပ်ကာ ကိုယ်နဲ့ မတွေ့ဖြစ်ပေမဲ့...

သူ့မေမေနဲ့ကော...
သူ့သမီးလေးနဲ့ပါ.... ကိုယ်ကခနခနတွေ့ဖြစ်သလို

ကိုယ်တို့ဆက်ဆံရေးတွေဟာလဲ တကယ့်ကို မိသားစုလိုဖြစ်လာခဲ့တယ်..

ချစ်စရာကလေးလေဟာ ကိုယ့်ကို မြင်တာနဲ့ တီတီ ဆိုပြီး ပြေးဖက်တဲ့အထိ ဆက်ဆံရေးတွေ တိုးတက်ခဲ့သလို...

ကိုယ်နေတဲ့ အိမ်လေးဆိုလာတွေ့လိုက် Shopping ထွက်ဖို့လာခေါ်လိုက် အိမ်လာခဲ့ဖို့လှမ်းခေါ်လိုက်နဲ့ သူ့မေမေ..
နေကြည့်ရင်းမှ သိလာခဲ့တာ သမီးလိုချင်တဲ့ သားရှင်မေမေပေါ့ ကိုယ်တို့လက်ထပ်ဖို့ကို ဆန္ဒ အရှိဆုံးနဲ့ အလောဆုံးသူရယ်ပေါ့..

အခန်းနားဆုံး စေ့စပ်ပွဲ မှာ...တလောကလုံးဟာ

" ဦးအောင်မြင်သော် " ရဲ့ ဇနီးလောင်းအဖြစ် ကိုယ့်အပေါ်လေးလေးစားစား ဆက်ဆံလာကြသလို...
ကိုယ်နဲ့ပတ်သတ်ရင်...သူဟာလဲ လူတိုင်းအပေါ်ပြတ်ပြတ်သားသားဆက်ဆံတက်တယ်...ကိုယ့်အပေါ် စကားမှားတာကအစ မကြိုက်...

စေ့စပ်ပွဲ အပြီးမှာ....

သူ့မေမေကတော့ ကိုယ့်ကျောင်း ပထမနှစ်ဝက်အပြီး...နောက်သုံးလ အကြာမှာပဲ လက်ထပ်ပွဲကျင်းပရမယ်ဆိုပြီး ပြင်ဆင်နေလေရဲ့...ဒီမေတ္တာရိပ်လေးဆီ သွားဖို့ ကိုယ်လဲ မငြင်းမိတော့ပါဘူး...

ကိုယ်တို့အိမ်လေးဆီ သူနဲ့အတူပြန်ရောက်တော့ သူ့မေမေရဲ့စကားသံလေးကြားယောင်မိတယ်..

" အာ့အိမ်လေးမှာ လက်ထပ်ပွဲ မတိုင်ခင်ထိပဲ နေခွင့်ပေးမယ်နော် သားအခန်းကို မေမေမင်္ဂလာဦးအခန်းအဖြစ် ပြင်ထားမှာမို့...
ဒီအိမ်အကျယ်ကြီးမှာ မေမေကို ပစ်မထားကြပါနဲ့ အတူလာနေကြပါ "

တဲ့လေ.....

ကိုယ်တို့ရဲ့စေ့စပ်ပွဲကို ဝမ်းသာပေးနေကြသူ နှစ်ဦးလဲရှိသေးရဲ့.

ဒေါ်ညွန့်နဲ့ထွေးညိုပေါ့.....

ဒီနေ့ဟာ ကိုယ်တို့အားလုံးရဲ့ အပျော်တွေ ဆုံစည်းကြတဲ့နေ့ထင်ပါရဲ့...

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now