လိုလေသေးမရှိ ပြင်ဆင်ပေးမှု့တွေကြောင့် အလှဆုံး သတိုးသမီးလေးအဖြစ် ခန်းမထဲကို ဝင်ခွင်ရခဲ့တယ်.......
နောက်ထပ် ရတနာတွေ ညွန့်နေအောင် ဆင်ပေးလိုက်သလို...
"မေမေ လက်ဖွဲ့တွေထဲက တခုပေါ့ " ဆိုပြီး ဒီရတနာတွေ ကိုယ်ပိုင်ကြောင်း ပြောပြနေသေးရဲ့..
ခန်းမထဲ မဝင်ခင်မှာပဲ...daddy တို့လက်ရှိနေတဲ့ ခြံရဲ့ ေဘးကခြံကိုလက်ဖွဲ့ အဖြစ်ထပ်ပေးရင်း....
" မေမေသမီးလေး မျက်နှာမငယ်စေဖို့ "
" မေမေရေ ကျွန်တော်က သားမက်လား မေမေတို့များ မျက်နှာလိုက်တာ သားကျ ဘာမှမပေးဘူး "
" သားက Winner GP တခုလုံး ပိုင်ဆိုင်မှု့ရှိနေပြီလေ ကို့ဘာကိုယ် ပိုက်ဆံရှာပြီး ဝယ်ပေါ့...ငါ့သမီးလေးကကျောင်းသူ ဘာဝင်ငွေမှ ရှိတာမဟုတ်ဘူး "
ရယ်သံတွေ မေတ္တာတွေ လွှမ်းခြုံရင် စတင်ခဲ့တဲ့ မင်္ဂလာပွဲ...
ပွဲထဲမယ် ဧည့်ပရိသတ်က အစ သူနဲ့ ပတ်သတ်တဲ့ လုပ်ငန်းရှင်တွေပါပဲ...
သေချာပြင်ဆင်ပေးထားတဲ့ မင်္ဂလာပွဲရဲ့ခန်းနားမှု့ဟာ ကိုယ်စိတ်ကူးယဥ်ထားတာထက် အများကြီးပိုပါတယ်...
အပြေးအလွှားရိုက်ခဲ့ရတဲ့...Prewedding Foto တွေဟာလဲ ကိုယ့်ကို ကိုယ်တောင် မမှတ်မိရလေအောင် လှပလွန်းလှရဲ့....
ဒါတောင်သူက...
" ကလေးမလေး ကို အမြန်ဆုံးပိုင်ချင်လွန်းလို့သာ...ချက်ချင်းထ စီစဥ်ရတာမို့ မပြည့်မစုံနဲ့ ဖြစ်ကုန်တယ် ကိုယ်တောင်းပန်ပါတယ် ကလေးရယ် "
တကယ်ပါ ဒီပွဲမှာ သူရှိနေတာနဲ့တင် အခုလို သူ့လက်ကို ချိတ်လို့ ကျင်းပနေရတာနဲ့တင်..
ကိုယ့်အတွက်အရာရာပြည့်စုံလွန်းမက ပြည့်စုံနေပါပြီ...
ဆင်ဒရဲလား လေးလိုဖြစ်နေတဲ့ ကိုယ့်အတွက် အိမ်မက်အလားပဲ..
တကယ်လို့ ဒါသာ အိမ်မက်ဆိုရင်တောင် ဘယ်တော့မှ မနိုးထပါရစေနဲ့....
" Congratulations ပါ ကိုအောင်မြင်သော် နဲ့ မ ဘေဘီအောင်မြင်သော် "
ကိုယ်တို့ အဝတ်အစားတွေ ဝယ်တော့တွေ့ခဲ့တဲ့ ကို Daniel
BẠN ĐANG ĐỌC
ကိုယ်ချစ်တဲ့.....သူ(Complete)
Lãng mạnနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...
