ကိုယ်ချစ်တဲ့..သူ ၂၄

12K 356 6
                                    

ဒီရက်ပိုင်းအတွင်းစေ့စပ်ပွဲ မင်္ဂလာပွဲတွေ တောက်လျှောက်ဆိုသလို ဆက်နေတာကြောင့်

စာမေးပွဲ ဖြေခါနီးမှာ စာတွေလုပ်ရင်း သူမ တကယ်ကို ပင်ပန်းရှာတယ်...
သူ့ အတ္တကြောင့် သူမကို ပိုပင်ပန်းစေလေသလား...

ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့မို့....သူ... သူမကို သွားကြိုဖို့စဥ်းစားလိုက်တယ်..
ဟန်နီးမွန်း လဲ မထွက်ရတာမို့..
ဒီပိတ်ရပ်မှာ သူမနဲ့ ခရီးသွားဖို့စီစဥ်ရမယ်...
ဘယ်သွားရမလဲ.....
ဒီရက်ပိုင်း သူမနဲ့ စကားတောင် မပြောဖြစ်တာမို့ အခုမှ ချိန်းတွေ့မဲ့စုံတွဲလို ရင်ခုန်နေမိတဲ့သူ
မထင်မှတ်တဲ့ မြင်ကွင်းကြောင့်..

" တောက် "

ဖြေဆိုချိန်ဟာ ညနေပိုင်းမို့ လူရှင်းနေတဲ့ လမ်းမကြီးမှာ
သူမနဲ့ သူမရည်းစားဟောင်း...
သူတို့အဆက်သွယ်ရှိကြမှန်း သူ သိပေမဲ့ ရိုးသားကြတယ်လို့ ယုံကြည်ထားတာမို့ မတားဖြစ်ခဲ့တာ

သူမ နှုတ်ခမ်းတွေကို ပိုင်စိုးပိုင်နင်း နမ်းနေတဲ့အဆင့်ထိ ဖြစ်လို့....

ကားကို ပြန်ကွေ့ချရင်း....

သူ့....မျက်ရည်တွေက မရည်ရွယ်ပဲ တောက်ခနဲ ကျလာတယ်
ရင်ထဲမှာ နာကျင်လို့ရယ်..
ဘာလို့လဲကွာ..

သူထွက်သွားဖို​့ အချိန်တွေလဲ ေပးခဲ့ပါရက်နဲ့....

သူမလေးကို သူ သိပ်ချစ်တယ်...
အတိတ်က ဘာဖြစ်ခဲ့ပါစေ သူနားလည်ခွင့်လွှတ်နိုင်ပါသော်လည်း..........
လက်ရှိမြင်ကွင်းကိုတော့ သူလုံးဝ ခွင့်မလွှတ်နိုင်..

သူမ ကိုလဲ မစွန့်လွှတ်နိုင်...

စွန့်လွှတ်ခြင်းလား.....
ခွင့်လွှတ်ခြင်းလား.....

.........................................................................

ကိုယ် ဒီရက်တွေမှာ သူ့ကိုတောင်လှည့်မကြည့်နိုင်အောင် ပင်ပန်းခဲ့တာ..စာမေးပွဲပြီးရင် လိုချင်တာပြောဖြစ်စေရမယ် လို့ ကတိတွေပေးခဲ့တဲ့ သူ..

ကိုယ်စာမေးပွဲ ပြီးထဲက ပေါ်မလာ..
ဖုန်းဆက်လဲမကိုင်..
စာလဲမပြန်...

အစက သူပုံမှန်လို အလုပ်ရှုပ်တယ်ပဲ ထင်ခဲ့ပေမဲ့..
ပုံမှန်အလုပ်ရှုပ်ရင်တောင် ဘယ်ရောက်မှန်းသိခွင့်ရသေးတယ်...
အခုက ဘယ်ရောက်မှန်းမသိ

ကိုယ်ချစ်တဲ့.....သူ(Complete) Where stories live. Discover now