စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းခြင်း
Denial နှင့် ဟန်နီခြူး တို့သည် စိတ်သဘောထားချင်း မတိုက်ဆိုင်ပါသဖြင့် စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းလိုက်သည် ။
စုံစမ်းမေးမြန်းခြင်းသည်းခံပါ...။
Denial
Denial ရဲ့ Instagram မှာ တင်ထားတဲ့ စာလုံးခပ်ကြီးကြီးနဲ့ရိုက်နှိပ်ထားတဲ့ သတင်းစာဖြတ်ပိုင်းတစ်ခု.....
ဘာရယ်မဟုတ်.......သူ Denial ကို ဘယ်နေ့ပြန်ရောက်မလဲ မေးဖို့ Instagram အထဲ ဝင်လိုက်ရာက တွေ့လိုက်ရတဲ့ post ကြောင့် စိတ်မကောင်း..
Denial က ဟန်နီကို အရမ်းချစ်ခဲ့တဲ့ကောင်မဟုတ်လား....
ဟိုနေ့က ကိစ္စကြောင့်များလားလို့... သူ အပြစ်မကင်းသလိုခံစားမိရဲ့....
" ကိုသော်တို့ ဆေးရုံ ဆင်းသွားပြီတောင် ထင်နေတာ တော်ပါသေးရဲ့ "
'' Denial "
'' မနေ့က ထဲက ကျွန်တော် အမသော် ကို လာကြည့်ချင်နေတာ မျက်နှာပူလို့ "
သူ့ကို တချက်တောင် လှည့်မကြည့်တဲ့ ဆူပုပ်ပုပ် မျက်နှာကလေးက ပြုံးပြီး
'' ဘာလို့လဲ ko denial ရဲ့ ဆေးရုံလာတာ ဘာလို့မျက်နှာပူ "
'' အမသော် ကို ခုလိုဖြစ်အောင်လုပ်တာ ကျွန်တော် ဇနိီးလောင်းလေ ကိုသော် ဘာမှ မပြောပြဘူးလား... "
'' ဟင်... အာ့မိန်းကလေးက "
'' အဲ့တာနဲ့ပဲ မင်းက စေ့စပ်ထားတာ ဖျက်သိမ်းလိုက်ရောလား "
'' အဟွန်း...စေ့စပ်ထားတဲ့မိန်းကလေးက အိမ်ထောင်သည်ယောက်ျားကို တမင်လက်ချိတ်ပြီး သူ့ဇနီး အထင်လွဲအောင် ရည်ရွယ်ချက်ရှိရှိလုပ်တာမျိူး ကျွန်တော်မကြိုက်ဘူး..ဒါအပြင် သူလုပ်လိုက်တဲ့ စုံတွဲက ကျွန်တော် အချစ်ဆုံး အကို ...
အဆိုးဝါးဆုံးနဲ့ ခွင့်မလွှတ်နိုင်ဆုံးက လူ့လောကထဲရောက်မလာသေးတဲ့ ကျွန်တော့ တူလေးလား တူမလေးလားတောင်မသိရသေးတဲ့ ကလေးလေးပါထိခိုက်မလိုဖြစ်ခဲ့တာ ကိုသော်ဆိုရင်ကော... "
'' ဟင်...ဒါတွေအကုန်မင်းကို ဘယ်သူပြောတာလဲ မေမေလား "
'' နံရံတိုင်းမှာနားတွေရှိတယ် ကိုသော်... တီလေးက ဘာမှမပြောပါဘူး ကျွန်တောနဲ့ဟန်နီကိုသိနေတဲ့မိတ်ဆွေက အဲ့ဒီနားမှာရှိနေခဲ့တာ "
ВЫ ЧИТАЕТЕ
ကိုယ်ချစ်တဲ့.....သူ(Complete)
Любовные романыနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...
