ကိုယ်ချစ်တဲ့သူ.....12

14.9K 440 7
                                        

"ကလေးမလေး.."

သူ့ရဲ့အသံကြားမှအတွေးစတွေပြတ်တောက်သွားပြီ တခါမှမမြင်ဖူးတဲ့လူတစ်ယောက်လို
ကိုကြီးဆီမှအကြည့်လွှဲကာ သူ့ဘက်လှည်ပြီး.....

"ဟုတ် Daddy"

"ကိုယ်မကြိုက်လို့တော့မဟုတ်ပါဘူး....ဒါပေမဲ့ ကိုယ်ဘေးနားမှရှိနေရက်နဲ့ တခြားအမျိူးသားကို ကြည့်နေတာတော့အဆင်မပြေဘူးကွာ"

အို..သူရိပ်မိတဲ့အထိကြည့်နေမိလိုက်လား....
သူ့မျက်နှာမော့ကြည့်လိုက်တော့...တကယ်ပဲ တစုံတခုကိုအလိုမကျသလို..
တင်းမာနေတဲ့မျက်နှာထားကြောင့်..အားလဲနာသွားသလို..
ကြောက်မိသွားတဲ့ခံစားချက်ပါ တပြိုင်နက်ပေါ်လာမိတယ်

"Baby. ..babyတောင်းပန်ပါတယ်...သူက..ဟို...babyရဲ့....''

"တောင်းပန်လိုက်ရုံနဲ့တော့ မကျေနပ်ပါဘူး...ကိုယ့်ထက်အများကြီးငယ်ပြီး အများကြီးချောတဲ့ ကောင်လေးတွေကို ပေါ်တင်ငမ်းနေတာ....ကျေနပ်အောင်တခုခုပြန်လုပ်ပေးရမယ်..''

"Babyဘာလုပ်ပေးရမလဲဟင်"

"ကိုကို လို့ခေါ်..."

"Daddy ဟို Daddyလို့ခေါ်တာကို သဘောမကျလို့လားဟင်"

"မဟုတ်ပါဘူး..ကိုယ့် ကလေးမကခေါ်တာပဲ တကယ်သဘောကျတယ်..ဒါပေမဲ့ တခါတလေ ရည်းစားလို့မခံစားမိတဲ့အထိ အရမ်းကိုသွေးရင်းမိသားစုလို Closeဖြစ်လွန်းတယ်..
"

တကယ်ပြောနေမှန်း သိသာစေတဲ့ မျက်နှာထားကြောင့်...ကိုယ့်အတွက်သိသိသာသာ အနေခက်စေသလို ကိုကို လို့မခေါ်ချင်တာမဟုတ်ခဲ့ပေမဲ့....
နှုတ်ကထွက်မလာခဲ့ ကိုယ်တို့နှစ်ယောက်လုံး တိတ်ဆိတ်စွာ ဆက်လျှောက်လာကြရင်း..
တီတီတာတာ စကားသံတွေလဲ ထွက်မလာကြတော့....
သူ..များ စိတ်ဆိုးသွားတာလားဆိုတဲ့အတွေး ခေါင်းထဲရောက်လာတော့ အလိုလို ရင်ထဲ ဗြောင်းဆန်လာတယ်...
ကားပါကင်ရောက်တဲ့အထိ ဘာစကားမှ ဟ မလာ သူဘေးနားရှိနေတာတောင် ရင်ထဲအထီးကျန်သလိုလိုနဲ့ ဝမ်းနည်းလာတယ်..
ကားပေါ်ရောက်တော့...။

"Ok ကလေးမလေးက ကိုကို လို့ခေါ်ရခက်နေရင်လဲ...."

ကိုယ့်အနားကို ခါးလေးယိမ်းက သူ့ပါးလေး တဖက် ထိုးပေးလာခဲ့တယ်...
​သူဟာ ကို့အတွက် အားကိုးစရာလူကြီးဖြစ်သလို ချစ်ဖို့ကောင်းတဲ့ လူသားဆိုလဲ ဟုတ်တယ်...
ကိုယ်နှုတ်ခမ်းတွေက အလိုလို ပြုံးသွားမိတယ်ထင်ရဲ့. အမြန် သူ့ပါးကို ငုံနမ်းပြီး ပြန်အလှည့်..
ကိုယ့်ပါးနှစ်ဖက် ကို ခပ်အေးအေးဖြစ်နေတဲ့ သူ့လက်ဖဝါးလေးနှစ်ဖက်နဲ့ဆွဲလှည့်ကာ....

ကိုယ်ချစ်တဲ့.....သူ(Complete) Место, где живут истории. Откройте их для себя