" စိတ်မပူနဲ့တော့ ကိုသော် ဝမ်းသာစရာသတင်းပါ Congratulations ကိုသော်ဇနီးမှာ ကိုယ်ဝန်ရှိနေပြီ "
" ဗျာ... ဆရာ တခြား စိုးရိမ်စရာတော့မရှိပါဘူးနော် "
'' အားလုံးပုံမှန်ပါပဲ....ဒါပေမဲ့ လူနာကအရမ်းကို အားနည်းပြီး စိတ်ဖိစီးနေပုံရတယ် ကိုယ်ဝန်လနုနုမှာ တချက်တော့ ဂရုစိုက်ပေးပါ "
" ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါဗျ "
သူမ မှာ ရင်သွေးလေးရှိနေပြီတဲ့လား.....
စိတ်ဆိုတာတွေလဲမေ့ အတ္တကြီးမိနေတာတွေလဲမေ့...စိတ်ပူပြီး တင်းထားတဲ့ စိတ်ကို လျှော့ချလိုက်မိတယ်..
ရောဂါ တခုခုများဖြစ်နေလားဆိုတဲ့အတွေးနဲ့ သူတစ်လမ်းလုံး ပူလောင်လာခဲ့ရတာ...
ဒါပေမဲ့......သူမ ငယ်ရွယ်သေးတဲ့အချိန်မှာ အသည်းအသန်ကြီး အိမ်ထောင်ပြုလိုက်ရတဲ့အပြင်....
ကိုယ်ဝန်ပါဆောင်စေမိတဲ့အတွက် သူစိတ်မကောင်း သူ့ကြောင့်....
သူ့ကြောင့်.......
သူမ နစ်နာခဲ့ရတာတွေ များလှပါပြီ...
သတိရမလာသေးတဲ့ သူမ လက်ကလေးဆုပ်ကိုင်ရင်း...သူမျက်ရည်တွေအလိုလိုကျလာမိတယ်...
" အရာရာအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ် " လို့ခပ်တိုးတိုးရေရွတ်မိတယ်....
" တောင်းပန်ယုံနဲ့ ပြီးသွားပြီတဲ့လား..."
အားဖျော့ဖျော့ ခပ်တိုးတိုး အသံလေးကြောင့်
" baby သတိရလာပြီလား...သက်သာလား ဘယ်လိုနေသေးလဲ "
'' ကျမ ဆေးရုံရောက်နေတာလား "
'' အင်း..ကလေးမလေး အဆင်ပြေရဲ့လား "
'' ဒါဆိုရှင်သိပြီးပြီပေါ့ "
'' ဘာကိုလဲ ကလေး....ကိုယ်ဝန်ရှိနေတာကိုလား "
'' အင်း ".
'' ဘယ်လို ကလေး...ကလေးမလေးက သိထားပြီးသားလား "
'' အင်း "
" ဘာလို့မပြောခဲ့တာလဲ "
'' ပြောပြရင် ကလေးကြောင့် ကျမကို မနှိပ်စက်ပဲနေမယ်ပေါ့...ရှင်ကော ကျမ ကို ဘာပြောပြခဲ့လို့လဲ "
'' ကိုယ်...တောင်းပန်ပါတယ် ကလေးရာ ကိုယ်မှားသွားတယ် "
'' ဘာမှားတာလဲ...ကိုယ်ဝန်ရှိနေတာကို နှိပ်စက်မိလို့လား.. တခုခုအကြောင်းပြပြီး ရတဲ့ မေတ္တာတွေကို မလိုချင်လို့ အသိမပေးခဲ့တာမို့ ရှင်တောင်းပန်ဖို့မလိုပါဘူး...''
ESTÁS LEYENDO
ကိုယ်ချစ်တဲ့.....သူ(Complete)
Romanceနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...
