အိပ်ချင်မူးတူးဖြစ်နေပေမဲ့...ဒီနေ့ သူ Company သွားမှဖြစ်မှာမို့ အိပ်ချင်နေတဲ့စိတ်ကို ထိန်းချူပ်ပြီး... နိုးထဖို့ပြင်လိုက်တယ်..
သူ့ဘေးမှာ ဘေးတစောင်းလေး အိပ်မောကျနေတဲ့ ကလေးမလေးဟာ သိပ်ကို အပူပင်ကင်းကင်းဖြူစင်လွန်းတယ်...
ရုပ်တရက် သူမ လည်ပင်းက အရာလေးဆီအကြည့်အရောက်..
သူညက ပေးထားတဲ့ Marking ရာလေးမြင်တော့ ရင်ထဲစိတ်မကောင်းဖြစ်မိတယ်..
သူမကို ဖြူဖြူစင်စင်နဲ့ စောင့်ရှောက်ပေးမယ်ဆိုပြီး သူအတက်နိုင်ဆုံးထိန်းချူပ်ခဲ့ပေမဲ့....
သူ ကတ်ိမတည်နိုင်ခဲ့....
ဖြူစင်မှု့လေးစွန်းထင်စေခဲ့မိပြီဆိုတဲ့ အားနာစိတ်နဲ့ တပြိုင်နက် ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေပါဖြစ်ပေါ်လာလေရဲ့....
သူမ ဆီမှ လှုပ်လှုပ်ရှားရှား အသံလေးထွက်ပေါ်လာပြီး မျက်လုံးကလေးတွေ ပွင့်လာခဲ့တယ်...
" ကျွတ် ကျွတ် ကလေး အိပ် ကိုယ်ရှိတယ် " ဆိုပြီး ပြန်ချော့သိပ်ဖို့ ကြိုးစားနေစဥ်မှာပဲ
" ခိခိ ဘေဘီ က ကလေးသေးသေးလေး မဟုတ်တော့ပါဘူးနော် "
တကယ်ဆို ကိုယ်နိုးနေတာ သူမနိုးလာခင်ထဲကပါ....
ညကအခြေနေတွေကြောင့်.....အမြန်ထပြီး လစ်ထွက်ရမလား ပြုံးပြရမလား ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း...
သူ နိုးလာခဲ့တာကြောင့် ကိုယ်ငြိမ်နေလိုက်တာ....
ကိုယ့်ကို ကလေးသေးသေးလေးလိုပြုမူနေတဲ့ သူ့ပုံစံကြောင့်သာ ကိုယ်မထိန်းနိုင်ပဲ ရယ်လိုက်မိတာဖြစ်တယ်...
" အင်း မင်းကလေးသေးသေးလေးမဟုတ်မှန် ကိုယ်ညထဲက သိပါ့ဗျာ "
'' အာ..... Daddy နော် ''
ကိုယ်မျက်နှာ ပူလာပြီး သူ့အပြုံးတွေကြောင့် အရှက်သည်းနေမိကာ...
စောင်အောက်ကို မျက်နှာ တစ်ဝက်ကွယ်လိုက်မိတယ်.....
သူ့အတွက် ဘယ်လိုအခြေနေမှန်းမသိပေမဲ့...ကိုယ့်အတွက် First time မို့... ကိုယ်ငြင်းလိုက်သင့်ပေမဲ့ သူ့မျက်ဝန်းတွေအောက်မှာ....
ငြင်းဖို့ အားအင်မဲ့ခဲ့တာ......ကိုယ့်ကို တမျိူးထင်နေလေမလားလို့မျက်နှာပူခဲ့ပေမဲ့..
ကြင်နာခြင်းအပြည့်နဲ်သူ့အကြည်တွေက ကိုယ့်အပေါ်အရင်အတိုင်းမပြောင်းလဲပဲ ရှိနေတာမို့..
တကယ်ပဲ စိတ်သက်သာရာ ရစေပါတယ်...
ВЫ ЧИТАЕТЕ
ကိုယ်ချစ်တဲ့.....သူ(Complete)
Любовные романыနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...
