ကိုယ်ချစ်တဲ့....သူ ၃၃

15.7K 375 5
                                    

" ကိုယ်လေ..အရမ်းအတ္တကြီးသွားမိတယ်ကွာ...ကိုယ် ကလေးမလေးကို အဆုံးထိမယုံကြည်ပေးခဲ့မိဘူး... ကိုယ်တောင်းပန်ပါတယ် ''

'' ဟုတ်တယ်...daddy သာ baby ကိုယုံကြည်ပေးရင် ဒါမျိူးဘယ်ဖြစ်မလဲ "

ကုတင်ပေါ်မှာ နံရံကို မှီရင်ထိုင်နေတဲ့ သူ့ရင်ခွင်ထဲ ဝင်လာရင်း သူမလေးက ရန်တွေ့သလိုလေးပြောလာတယ်....
သူမလေးကို ပွေးဖက်ထားရင်း...

'' ကိုယ်ရက်စက်မိတယ်....ကိုယ်ထိလက်ရောက်ကျူးလွန်မိတယ်
ကိုယ်ကတိပေးပါတယ်...နောက် လက်ညိုးတောင်မထိုးပါဘူး မျက်နှာမညိုးရအောင်စောင့်ရှောက်ပါ့မယ် "

'' ဟွန်း...မကျေနပ်ပါဘူးနော် "

'' ဒါပေမဲ့လေ ကလေးရယ် ဟောဒီလူကြီးက..အချစ်လွန်ပြီး ဖြစ်သွားခဲ့တာမို့လို့ သဘောထားကြီးတဲ့ ကလေးမလေးကပဲ ခွင့်လွှတ်ပေးလိုက်လို့ရမလားဟင် "

'' တကယ်ဆို baby လဲ မမှန်ခဲ့ပါဘူး....အိမ်ထောင်သည်ဖြစ်ပါရက်နဲ့ ကိုယ့်အပေါ်ပြန်လိုက်ကပ်နေမှန်သိသိရက် ကိုကြီးကို လက်ခံထဲ့မိတာ..baby သာ daddy ကို daddy ရည်းစားဟောင်းနဲ့ နမ်းနေတာတွေ့ရင် ခွင့်လွှတ်နိုင်ပါ့မလားလို့....
baby .....daddy ကိုမြင်တိုင်း daddy တို့နမ်းနေတာပဲ မြင်ပြီး သောက ဖြစ်နေမယ်ထင်တယ် "

'' မဟုတ်တာ ကလေးက ရိုးသားခဲ့တာ ကိုယ်သိပါတယ်...
ပြီးတော့ ကိုယ်က တကယ်ကို မေ့ပစ်နိုင်ခဲ့တာမို့...အာ့တုန်းက ပုံရိပ်တွေလဲ ပြန်မမြင်တော့ပါဘူး..ကလေးမလေးရဲ့နှုတ်ခမ်းတွေဟာ ကိုယ့်အပိုင်ပဲဟာကို "

'' ပြီးတော့ baby ခေါင်းမာခဲ့တာကြောင့် ရင်သွေးလေးကိုလဲ ဆုံးရှုံး...."

သူမအသံတွေ တိမ်ဝင်သွားသလို...မျက်ရည်တွေ အလိုလိုကျလာရဲ့..

'' ဟိတ်ဟိတ်...ဟာကွာ....ကိုယ်ပြောပြီးပြီပဲ ကိုယ့်အတွက်မင်းသာ အရေးကြီးဆုံးလို့...မျက်ရည်တွေက....ကိုယ့်ရင်ကို မီးစနဲ့ထိုးအုန်းမလို့လား "

'' sorry daddy ''

'' တကယ်တော့ ဘာမှမပြင်ဆင်ခဲ့တဲ့ကိုယ်တို့မှာ အပြစ်ရှိတာပါ နောက်ဆို ကလေးမလေးရဲ့ကျန်းမာရေး က အစ စစ်ဆေးပြီးသေချာ ပြင်ဆင်ပြီးမှ ကလေးလေးကို ပြန်ခေါ်ကြမယ်နော်....
ကလေးမလေး ဘာစားစား အန်ထုတ်နေတုန်းကဆို ကိုယ့်ရင်ထဲ ပူလိုက်ရတာမှ ကွာ မြင်တိုင်းရင်ထဲမကောင်းလို့ ကိုယ်တောင် ဘာမှမစားပဲနေခဲ့တာ..ကိုယ်ကတော့စားနေပြီ မင်းကတော့ ကိုယ်တို့ရင်သွေးလေးလွယ်ထားရတာမို့ မစားနိုင်ဖြစ်နေတာကို မတရားသလို ခံစားရလို့..
ကိုယ်လေ အစားခံပေးလိုရ ရင်တောင်ခံပေးလိုက်ချင်တဲ့အထိပဲ "

ကိုယ်ချစ်တဲ့.....သူ(Complete) Où les histoires vivent. Découvrez maintenant