သူ့ဆီက ဖုန်းဝင်မလာတာ.၂ရက်လောက်ရှိပြီ
ဘာများဖြစ်လို့လဲ..နေများမကောင်းဘူးလာလို့စိတ်တွေအရမ်းပူခဲ့သလို သူဆော့ကစားလို့ ဝသွားခဲ့ပြီနဲ့တူပါတယ်လို့ပဲ ဖြေသိမ့်ရင်း..နေတက်အောင်ကြိုးစားနေရတာပါပဲ..ကိုယ်သိပါတယ် အစထဲက ဒါတွေဟာ ခဏတာပဲဆိုတာ..
ဒီနေ့က ကို့နားရက်မို့..စိတ်အပန်းဖြေဖို့ အနီးပတ်ဝန်းကျင် တွေလျှောက်လည်မယ် စိတ်ကူးမိတယ်..ဒီရောက်ထဲက ဘယ်မှလဲသိပ်မလည်ရသေးဘူးရယ်.
ဆိုင်ကယ်လဲမစီးတက်....မိုင်နဲ့..နားရက်တူမှသာ သူမလိုက်ပြပေးတဲ့..နေရာအချိူ့ View pointလေးတွေသာ..ကိုယ်လည်ပတ်ဖူးတာ..
သူမနဲ့ကလဲ နားရက်တူဖို့မလွယ်.....ဘာနဲ့သွားလည်ရမလဲ..မသိပေမဲ့..အေးတဲ့ဒေသမို့ လမ်းလျှောက်သွားဖို့သာဆုံးဖြတ်လိုက်တယ်......
စိတ်ပြေရာပြေကြောင်း ပုံလှလှလေးတွေရိုက်ဖို့..အလှလေးပြင်ရင်း..အကျီလှလှလေးရွေးရင်းး....
ဘယ်သွားရမလဲ Googleခေါက်ရှာရင်းးး အလုပ်တွေရှုပ်နေတော့လဲ အားလုံးကိုမေ့လို့ပါပဲ...
"ကလောဘူတာ" အရမ်းလှတယ်တဲ့...တချိူ့တွေ ရထားတွေနဲ့ အမိုက်စားပုံလေးတွေရိုက်ထားကြတဲ့ပုံတွေတွေ့တော့...ဒီနေ့ ဘယ်နားမှာမှန်းမသိ..Google Mapအားကိုးနဲ့ပဲထွက်လာခဲ့တယ်..
Mapအရ ကိုယ့်hotelကနေ...ဘူတာရုံအထိ..လမ်းလျှောက်သွားရင် ၁၂မိိနစ်သာ ကြာမြင့်မယ်ဆိုတော့..သိပ်ဝေးပုံမရပါဘူး..."အမ..ဘယ်လဲ"
အသံခပ်ဝဲဝဲလေးနဲ့ မေးတဲ့အသံကြောင့် အသံလာရာဘေးကိုကြည့်လိုက်တော့...ဟိုတယ်က လုံခြုံရေး အကို...
သူက ကိုယ့်ထက်အသက်ကြီးပေမဲ့..ကိုယ့်ကိုတွေ့တိုင်း...အမ လို့တလေးတစားခေါ်တက်တယ်
"နားရက်ဆိုတော့ အနီးအနားလည်မလို့..dutyထွက်တာလား..."
"ဟုတ်ကဲ့အမ..dutyပြီးလို့ အိမ်ပြန်နားမလို့..အမက ဘယ်တွေသွားလည်မလို့လဲ"
"လောလောဆယ်တော့ ကလောဘူတာ ခနသွားကြည့်မလို့...ဘာရယ်မဟုတ်ပါဘူး..နားရက်ကျတော့ အဆောင်ထဲပဲနေရတာပျင်းလို့လေ"
"တက်...ကျနော် လိုက်ပို့ပေးမယ်..လမ်းကြုံတယ်.."
အနည်းငယ်အားနာတာကြောင့် ငြင်းရမလား တက်ရမလား...တွေဝေနေမိတယ်..
"တက်ပါ့အမရဲ့...အားမနာပါနဲ့...တကယ်ဆို အမက ဧည့်သည် ကျနော်တို့ကအိမ်ရှင် လည်စရာပတ်စရာတွေ လိုက်ပြပေးရမှာ..ကျနော်က အခုမှ Dutyထွက်လာတာမို့လို့...မတော်တဆငိုက်သွားရင်....ပိုအားနာစရာရှိမှာစိုးလို့..."
"မဟုတ်တာ ရပါတယ်..အကိုက dutyတွေအစားဝင်နေရတာမလား.."
ဒီလိုနဲ့ပဲ သူ့ဆိုင်ကယ်နဲ့လိုက်စီးရင်း...စကားတပြောပြောနဲ့ပဲ ဘူတာဆီရောက်လာခဲ့တယ်...
သူအိမ်ပြန်တရေးတမော အိပ်နားပြီးရင်..အဆင်ပြေပြီဖြစ်ကြောင်းနဲ့...ကိုယ်ဆက်ပြီး လည်ပတ်နေမယ်ဆိုရင်..သူ့ဆီဖုန်းခေါ်ဖို့အကြောင်း...ကိုယ်ရှိရာလိုက်လာပြီးလိုက်ပို့ပေးမဲ့အကြောင်း...သူ့ဆီဖုန်းဆက်ဖို့အားမနာရန်တဖွဖွမှာပြီး ထွက်သွားရှာတယ်..
ကလောမြို့ဟာ...ရာသီဥတု တင်အေးချမ်းတာမဟုတ်ပဲ..ဒေသခံတွေရဲ့ ရိုးသားဖြူစင်မှု့တွေနဲ့စိတ်ထားတွေကပါ..အေးချမ်းနေတာပါပဲ....
အခန်းထဲမနေချင်လို့သာထွက်လာတာပါ..တကယ်တမ်းရောက်တော့လဲ..တစ်ယောက်ထဲဆိုတော့ ကြောင်အမ်းအမ်းနဲ့ရယ်....
အရမ်းလှပသပ်ရပ်တဲ့ ဘူတာရုံလေးရဲ့ ပုံရိပ်တွေကို ဓာတ်ပုံရိုက်ရင်းးး....ကိုယ့်ပုံကတော့ Selfieတချိူ့သာ ရတာပေါ့လေ...ဘူတာရုံရဲ့ ထောင့်တနေရာမှာထိုင်ရင်း...အရှေ့ကလှပတဲ့ကောင်းကင်ကြီးကိုငေးကြည့်နေမိတယ်...
ကိုကြီးအကြောင်း...သူ့အကြောင်းးး.အတွေးပေါင်းစုံခေါင်းထဲရောက်လာရင်း...
"ကိုယ်ဓာတ်ပုံရိုက်ပေးရမလား.."
ကင်မရာလေးထောင်ပြရင်း...အပြုံးတွေနဲ့မေးလာတဲ့သူ....ဘယ်အချိန်ကြည့်ကြည့် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်နဲ့...Smartဖြစ်နေတဲ့ ထိုလူသား....
နှုတ်ခမ်းပေါ်မှာ ခန့်ညားတဲ့အပြုံးတွေဖြတ်ပြေးရင်းး.....
စူးရှုတဲ့အကြည့်တွေဆီအရောက်..အလိုလိုပြန်ပြုံးပြမိတဲ့အထိ
"ဆရာ.."
"ကိုယ် မင်းထွက်သွားတာမြင်လို့နောက်ကလိုက်လာတာ..."
"ဆရာ..ဘယ်တုန်းက ရောကျလဲ"
"မနေ့ညထဲက...ဟူး တော်သေးတာပေါ့..ကိုယ်နှုတ်ဆက်ရင် မင်းပြန်မှ တုန့်ပြန့်ပါ့မလားတွေးရင်း ရင်ခုန်လာတာ...
ကိုယ်အစထဲကခေါ်မလို့ပါပဲ...ဝန ဆိုင်ကယ်ပေါ်တက်သွားတာတွေ့လို့ နောက်ကလိုက်လာခဲ့တာ...ဘယ်လိုလဲ ကလေးမလေး..တစ်ယောက်ထဲ လည်ရတော့ ပျင်းနေပြီမဟုတ်လား.."

BẠN ĐANG ĐỌC
ကိုယ်ချစ်တဲ့.....သူ(Complete)
Lãng mạnနာမည်တူနေကြတဲ့ ဦးနဲ့ ကလေးမလေးတို့ရဲ့ ရိုမန့်ဆန်ဆန်အချစ်ဇာတ်လမ်းလေး.....အရိုခံနိုင်မှဖတ်ပါ 👀👀 သူ့မျက်လုံးတွေဟာ အမိန့်ပေးတက်တယ်...သူ..သူဟာကို့အတွက်အမြဲတမ်းရင်ခုန်ချင်စရာကောင်းတဲ့သူ......အချစ်ဆိုတာ သံယောဇဥ်ကြိုးတွေကိုခေါ်သလား........ဦးနှောက်နဲ့နှလု...