"မေမေ သားကိုထားမသွားပါနဲ့....😭😭"
ဆုံးပါးသွားသော အမျိုးသမီးတစ်ယောက် နားတွင်
ငိုနေသော ကောင်လေးတစ်ယောက်...."မေမေ သားမေမေမရှိရင် ဘယ်သူနဲ့နေရမှာလဲ....
မေမေသားကြောက်တယ် မေမေ....ငီးငီး😭😭"
အပြင်မှာ မိုးကလဲ သဲကြီးမဲကြီး ရွာနေပြန်တယ် ထိုအမျိုးသမီးကို နာရေးလိုက်ပို့သူများကလဲ များများစားစားမရှိပေ.....ကောင်ငယ်လေးမှာလဲ မိခင်ဆုံးရှုံးသွားတာကြောင့် ရင်ကွဲမတပ်ငိုကြွေးနေလေတယ် တုန်တုန်ယင်ယင်နဲ့ တစ်ယောက်ထဲကျန်ခဲ့တဲ့အပေါ် အလွန်ကြောက်ရွံ့လို့နေလေတယ်.....
"မေမေ သားကြောက်တယ်မေမေ....မေမေ သားကို ထားမသွားပါနဲ့....မေမေ....အဟင့်ဟင့်...မေမေ့!"
Gulfတစ်ယောက် အိပ်ယာထက်မှ လူးလူးလိမ့်လိမ့် ကြောက်စရာအိပ်မက်ဆိုးကြီးက ရုန်းထွက်၍မရ....
"မေမေ!...."ဆိုတဲ့အော်သံနှင့်အတူ မျက်လုံးအိမ်မှာလဲ မျက်ရည်တွေအပြည့် ချွေးများစိုရွဲလျက် နိုးထလာလေတယ်....
အိပ်မက်ကြောင့် ခန္ဓာကိုယ်မှာလဲ တုန်ယင်နေ၏ အိပ်ယာဘေးခုံပေါ်က ရေခရားထဲကရေကို အမြန်ငဲ့ကာ ခပ်မြန်မြန်မော့သောက်ရင်း အမောဖြေလျက်...
"ဟူး....ငါမေမေ့အကြောင်း အိပ်မက်မက်နေတာပဲ"
နဖူးပေါ်ကချွေးစကို သုတ်လိုက်ရင်း ကုတင်ခေါင်းရင်းကို မှီထိုင်လိုက်ကာ....
အခုလို အိမ်မက်မျိုးက အမြဲမက်နေကြပင် မက်တိုင်းလဲ လူကကြောက်ရွံနေစဲ....
"မေမေသိလား အခုတော့ သားအဖေ့အိမ်ကိုရောက်နေပြီလေ အမေဆုံးသွားပြီးတုန်းကလို သူများအိမ်မှာ ကပ်နေခဲ့ရသူ မဟုတ်တော့တာမို့ အမေစိတ်ချနိုင်ပါတယ် အခုအဖေ့ဆီမှာ အဆင်ပြေပြနေဲ့ နေနေပါတယ် ပြီးတော့ အမေမုန်းတဲ့ အဖေ့ကို ခွင့်လွှတ်ဖို့လဲ အတွေးမရှိပါဘူး....."ရုတ်တရက် အတွေးများက ငဟ်ဘ၀ဆီသို့....
Flashback...
လွန်ခဲ့တဲ့ နှစ်၂၀ကျော်သို့.....
Gulfအမေဖြစ်သူ Geenတစ်ယောက် Gulfအဖေဖြစ်သူတခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဉ်နေတာ
ကြောင့် စိတ်လဲနာနေသော အချိန်ကာလ....
![](https://img.wattpad.com/cover/248020748-288-k470172.jpg)
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...