ချင်းမိုင်....
Mewအဖွား၏ ရတနာဆိုင်သို့ Pufaiအမေရောက်သွားလေပြီ သူ့သမီးဖုန်းဆက်ပြောသည့်ကိစ္စ သူ့မအားတာနဲ့ အကောင်အထည်မဖော်ဖြစ်တာ အခုမှဘဲ ရောက်ဖြစ်တော့၏....
"အမကြီးရှင့် မင်္ဂလာပါနော် မတွေ့တာကြာတာနဲ့ ဒီနား
ရောက်ဖြစ်တုန်း ၀င်လာလိုက်တာ...."Mewအဖွားကတော့ လှိုက်လှိုက်လှဲလှဲကြိုဆိုသည်
"faiလေးရဲ့ မေမေပါလား အိုရောက်လာတာ ကောင်းတယ် သတိရနေတာ....လာလာ ၀င်ခဲ့""faiနဲ့ရော ဖုန်းပြောဖြစ်ရဲ့လားရှင့် ကျွန်မသမီးလေး
မလိမ္မာရင်လည်း ဆုံးမပေးပါနော်....""faiလေးနဲ့က တစ်ပတ်တခါ ဆက်ဖြစ်တယ်....faiက ဒီလောက်လိမ္မာတဲ့ ကလေးမလေးကို ဘယ်ဆုံးမစရာလိုပါမလဲရှင်"
"မြှောက်ပင့်လွန်းနေပါပြီ...."
"ဒါနဲ့လေ အမကြီး သားနဲ့သမီးကို ဘယ်တော့လောက် နေရာချထားပေးကြမလဲ....သမီးနဲ့သားက ၂ယောက်လုံးဘန်ကောက်ရောက်နေတာဆိုတော့ အဝေးမှာထားရတာလဲ စိတ်မချတာနဲ့ ကျွန်မဆန္ဒကတော့ မြန်မြန်နေရာချထားပေး စေချင်နေပြီ"
"တူတူပါပဲကွယ်...ကိုယ်တွေ လောလောဆုံးဖြတ်လိုက်ရင် ကလေးတွေအနေကျပ်မှာဆိုးလို့သာ...."
"faiကတော့ ကျွန်မကိုပြောရှာတယ် သူကMewကို အမြန်ဆုံးလက်ထပ်ချင်ပေမဲ့ မိန်းကလေးက ဘက်ကစပြောရမှာ ရှက်လို့တဲ့ရှင်...."
"အို faiလေးက အဲလိုပဲ ပြောသလားကွယ့်
faiက အဲလိုဆိုတော့လဲ ဒီနှစ်အတွင်းတော့
စီစဉ်ကြည့်ပါမယ် စိတ်ချပါရှင်....""ဟုတ်ကဲ့ ကျေးဇူးပါ အမကြီးရယ် ဒါနဲ့အမကြီးသိပြီးပြီလားဟင် သားMewက သူ့တပည့်လေးနဲ့ အတူ
ကွန်ဒိုမှာနေနေတာလေ....""အော် သိပြီးပါပြီ မြေးက ပြောပြထားပါတယ်....."
"အော် ဟုတ်ကဲ့...."
သူအနည်းငယ် မျက်နှာပျက်သွား၏....
*ဟင် ငါကGulfအကြောင်းပြောမလို့လာတာ အဖွားကြီးက သိပြီးပြီတဲ့ ဘယ်လိုဖြစ်တာပါလိမ့်.... ဒါဆိုမောင်းမထုတ်ဘဲ သူ့မြေးနဲ့ဆက်နေခိုင်းတယ်ပေါ့.....
ထားပါလေ မင်္ဂလာကိစ္စက ဒီနှစ်အတွင်းလို့ ပြောလိုက်တာပဲ ရွှေတွင်းကြီးက ငါ့လက်ထဲရောက်တော့မှာဘဲ ဟေဟေး....*
ဒီလိုနဲ့ သူလဲ ရောက်တတ်ရာရာ စကားစမြည်များပြောရင်း နှုတ်ဆက်ကာ ပြန်ခဲ့လိုက်သည်....
![](https://img.wattpad.com/cover/248020748-288-k470172.jpg)
YOU ARE READING
🧡If You Love Someone🧡(Completed)
Fiksi Penggemarတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...