Part-8(Z+U)

567 76 8
                                    

Gulfအခုတေလာ စာလုပ်နေရသည်မှာ နေမနားညမအားပင်ဖြစ်သည် မလုပ်လို့လဲမဖြစ် နောက်အပတ်ဆို စာမေးပွဲကရောက်လေပြီ....

ဒီလို သေသေချာချာလုပ်မှလဲ ကိုကိုရဲ့Condoမှာ နေခွင့်ရမည်မဟုတ်ပါလား ကိုကို့ ကိုအပြောကြီးထား သမျှ စာမေးပွဲနီးမှသိလေတယ် တတိယနှစ် ကျောင်းသား တစ်ယောက်ရဲ့ စာကတော့ဘယ် နည်းနဲ့မှ မနည်းနိုင်ပေ ဘာပဲဖြစ်ဖြစ် ကြိုးစားရမှာပဲလေ....

စာကြည့်စားပွဲကပေါ်က ကော်ဖီခွက်လေးက ရနံ့သင်းသင်းလေးရစေပြီး စာကြည့်ရတာတွင် အလွန်စိတ်ကြည်စေတာတော့ အမှန်ပေ.....

~~~~

ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့ကို
ရောက်ခဲ့လေတယ်.....

Gulfတစ်ယောက် စာမေးပွဲအခန်းထဲကနေ တက်တက်ကြွကြွပဲ ထွက်လာခဲ့လိုက်တယ် ​အခက်အခဲမရှိဖြေနိုင်ခဲ့တာကြောင့်လဲပါမှာပေါ့.....

စာမေးပွဲလဲပြီးပြီဆို မနက်ဖြန်ကိုကိုနဲ့ မုန့်သွားစားရမယ်....

ကိုကိုလဲ ပင်ပန်းရောပေါ့ တစ်နေကုန် စာမေးပွဲခန်းစောင့်နေရတာ အခုလဲ အခန်းစောင့်နေတုန်းပဲနေမှာ ကိုကိုစောင့်တဲ့အတန်း သွားချောင်းရင်ကောင်းမလား....

အတွေးနဲ့အတူ ခြေလှမ်းတွေက အခန်းရှေ့ရောက်နှင့်နေပြီးသား....

ကြည့်ပါဉီး ရုပ်တည်ကြီးနဲ့စာမေးပွဲခန်းစောင့်နေတာ တကယ့်ခန့်ချောကြီးပါကွာ....

တော်သေးတယ် ဖြေနေတဲ့၆ရက်လုံး ငါဖြေတဲ့အခန်း
လာမစောင့်လို့ မဟုတ်ရင် စာမေးပွဲမဖြေပဲ ကိုကို့ကိုပဲ
လိုက်ကြည့်နေမိမှာ....

စာမေးပွဲအချိန်က ၃နာရီဆိုပေမဲ့ Gulfက၂နာရီ ခွဲထဲက အခန်းထဲက ထွက်ခဲ့ခြင်းပါ တကယ်ဖြေမယ်ဆို ၂နာရီလောက်ပဲ ကြာပေမဲ့ ပြန်စစ်တာနဲ့ နာရီဝက်ထပ်ယူလိုက်
ခြင်းပါ...

Mewတစ်ယောက်ကတော့ အရှေ့အနောက် ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း အခန်းစောင့်နေလေရဲ့ အခန်းထဲမှာ ကျောင်းသားက၅ယောက်လောက်ပဲ ကျန်တော့သည် rollနံပါတ် ထိပ်ဆုံးစာတော်သောကျောင်းသားများ ဖြစ်လေတယ်....

🧡If You Love Someone🧡(Completed)Where stories live. Discover now