Part-30(Z+U)

647 53 20
                                    

"ကျွန်တော် စိတ်ပြောင်းသွားပြီ ကျွန်တော်ကိုသူပြန်မှတ်မိလာတဲ့အထိစောင့်မယ် အခုတော့ ကျွန်တော် ကွာရှင်းမပေးနိုင်ဘူး...."
Mewပြောစကားကြောင့် အားလုံးအံ့သြသွားကြသည်....

Gulfအမေကတော့ ကွာရှင်းတာကို သဘောမကျတာကြောင့် စိတ်အေးသွားပုံ အဖေကတော့ မျက်နှာသိသိသာသာပျက်သွား၏ Mewအဖွားကတော့သူ့မြေးကို ဘာမှဝင်မပြောတော့ လက်လျော့လိုက်သည်ထင်၏

"ရှေ့နေကြီးကိုလည်း အားနာပါတယ်ဗျ..."
Mewရိုကျိုးစွာတောင်းပန်လိုက်သည်...

ထိုအခါ ရှေ့နေက
"ကဲ ကာယကံရှင်ဆန္ဒက အရေးကြီးပါတယ် ဒီကမောင်ရင် Mew Suppasitက အဲလိုဆုံးဖြတ်တယ်ဆိုတော့လည်း ကျွန်တော့်တာဝန်မရှိတော့ဘူးပေါ့....."
ရှေ့နေကတော့ စိတ်လက်ပေါ့ပါးစွာပြောလာ၏....

"ဟေး မင်းပဲကွာရှင်းပေးမယ်ဆို့လို့ ငါတို့ကလာရတာ
ငါတို့က အာယားနေတယ်များ ထင်နေလားကွ အလုပ်တွေပစ်ထားခဲ့ရတာ...."
Gulfအဖေကတော့ ဒေါပွစွာဖြင့်ပြောလေတယ်....

"ကျွန်တော်တောင်းပန်ပါတယ် အန်ကယ်...."

"အခုမှတောင်းပန်နေစရာမလိုဘူး သားGulf
ထပြန်မယ်...."
Gulfကိုရော သူမိန်းမကိုပါခေါ်က ပြန်ဖို့လုပ်တော့သည်...

"နေပါဉီး အန်ကယ်...Gulfက ကျွန်တော့်နဲ့လက်ထက်ထားတာတဲ့ ကျွန်တော့်ယောကျာ်းပါ အဲဒါကြောင့်သူ့ကို ကျွန်တော်နဲ့ပြန်ထည့်ပေးလိုက်ပါနော် ကျွန်တော်သူ့ကို ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်...."

Gulfအဖေမျက်နှာမှာ မဲ့သွားလျက်...
"ငါ့သားကို မင်းနဲ့စိတ်မချဘူးလို့ ပြောပြီးသားပါ မင်းတို့ဘယ်လို ပတ်သက်ပတ်သက် ငါ့သားငါပိုင်တယ် မင်းနဲ့ထည့်မပေးနိုင်ဘူး...."

"မလုပ်ပါနဲ့ အန်ကယ်ရယ်....ကျွန်တော် တောင်းပန်ပါတယ် ဖွားပြောပေးပါအုန်းဗျာ...."
Mewသူ့အဖွားကိုပါစစ်ကူခေါ်ရ၏....

"မောင်ရင်ရယ် ကျွန်မမြေးလေးက အခုဆိုနောင်တရနေပါပြီ Gulfလေးအပေါ်လည်း ကောင်းကောင်းစောင့်ရှောက်မှာမို့ စိတ်ချပါနော်...."

ထိုအခါ Gulfအမေဖြစ်သူကပါ....
"အကိုရယ် သားကအိမ်ထောင်ကျပြီးနေပြီ တရားဥပဒေအရဆိုတောင် သူခင်ပွန်းကပဲပိုင်တာပါ Mewအပေါ် ဒီတစ်ခါယုံကြည်ပေးလိုက်ပါနော်...."

🧡If You Love Someone🧡(Completed)Where stories live. Discover now