Mildနဲ့Boatတို့အပြင်ရောက်နေတုန်း သူ့ဘော်ဒါကြီးဆီမှ ဖုန်းလာသဖြင့် ကောက်ကိုင်လိုက်ရသည်....
ပြီးနောက် ကွန်ဒိုသို့ နှစ်ယောက်လုံး အလင်း၏အမြန်
နှုန်းဖြင့် ကားမောင်းသွားရ၏....ကားပါကင်ဝယ်....
Gulfတစ်ယောက် ခရီးဆောင်အိတ်တွေဘေးချရင်း သူ့အချစ်ဆုံးပြိုင်ကားဘေးမှာ ဆောင့်ကြောင့်လေးထိုင်ကာ ဒူးပေါ်ခေါင်းတင်ရင်း မျက်နှာအပ်ထား၏တွေ့လိုက်ရသော သူငယ်ချင်းတွေအဖို့တော့ ရင်နင့်ဖွယ်ရာ မြင်ကွင်းပေ....
သူငယ်ချင်းနှစ်ယောက်လဲ Gulfဆီပြေးသွားရင်း...
"Gulf....အဆင်ပြေရဲ့လား ဘာတြွေဖစ်ကုန်တာလဲ""ငါ....အိမ်ပြန်ချင်တယ် Boatငါ့ကားမင်းမောင်းခဲ့"
အသက်မဲ့နေသော မျက်နှာထားဖြင့် ပြောလာရင်း Mildကားဆီသို့လျှောက်လှမ်းသွားကာ သူဝင်ထိုင်နှင့်နေ၏....သူငယ်ချင်းနှစ်ယောက်လဲ အခုတော့ ဘာဖြစ်လဲမေးလို့ မရမှန်းသိတာမို့ အ၀တ်အစားအိတ်တွေသာ ကားပေါ်တင်ရ၏ သူတို့သက်ပြင်းနည်းနည်းတော့ ချနိုင်သည်....
သူတို့ကောင်ကြီးကို စစတွေ့သော အနေအထားရ ငိုများနေသလားလို့ စိုးရိမ်သွားပေမဲ့ သူ့မျက်နှာကြည့်ရသလောက် မျက်ရည်များမတွေ့ရပေ သူတို့စိုးရိမ်လွန်သွားတာပေ သူ့သူငယ်ချင်းကြီးမှာ အဲလောက်တော့ မပျော့ညံ့နိုင်....
သူတို့တွေမသိတာက ထိုကောင်ငယ်လေးမှာသူငယ်ချင်းတွေ ရှေ့မို့ ဟန်ဆောင်နေသည်ဆိုတာကိုပေါ့.....
~~~~
Mildတို့အကူအညီနဲ့ အိမ်ပြန်ရောက်သွားတဲ့ Gulfတစ်ယောက်လဲ...
သူ့အခန်းဆီသာ ဉီးတည်သွားလိုက်သည် ဘယ်သူနဲ့မှလဲ စကားပြောချင်စိတ်မရှိ....
Nanလည်း လာပို့သော Mildတို့ကို မေးဆပ်ပြကာ ဘာဖြစ်လဲမေးတော့ နှစ်ယောက်လုံး ခေါင်းခါကြသည်
ဒါနဲ့ Nanတစ်ယောက် သူ့အမေဆီသာ သူ့အကိုပြန်ရောက်နေကြောင်းသွားပြော၏....Gulfအခန်းထဲရောက်တော့ သူကုတင်ထောင့်စွန်းနားမှာ ထိုင်ချလိုက်ကာ ပြတင်းပေါက်မှ တစ်ဆင့်လမင်းကြီးကို ငေးကြည့်နေမိသည်.....
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...