Mewလျှောက်လည်မယ်လို့သာ ပြောလိုက်တာ စာမေးပွဲစစ်ထားရတာပင်ပန်းတာကြောင့် မနက်စောစောမထနိုင်ခဲ့ Gulfအိမ်ကိုရောက်တော့ နေ့လည် ၁၁နာရီကျော်နေလေပြီ....
"ကိုယ်နောက်ကျသွားတယ် sorryနော် Gulf"
"ရပါတယ် ကိုကိုရဲ့ ကိုကိုလဲ စာမေးပွဲမေးခွန်းထုတ်ရ အခန်းစောင့်ရနဲ့ အတော်ပင်ပန်းနေမှာ ကျွန်တော်က အပြင်ခေါ်မိတာတောင် အားနာနေမိတာ...."
"အားနာစရာမလိုပါဘူး ကိုယ်လဲတကယ်သွားချင်လို့ပါ....ထမင်းစားချိန်လဲနီးပြီဆိုတော့ အရင်တစ်ခုခုသွားစားကြမလား..."
"ကောင်းသားပဲ ကိုကိုဘာစားချင်လဲ..."
"ကိုယ်က ဘာပဲဖြစ်ဖြစ်ရပါတယ်...."
"အဲဒါဆို ကြက်ကြော်သွားစားကြမလား...."
"ဟင် ကြက်ကြော်စားမလို့လား နေ့လည်ပဲရောက်နေပြီဗိုက်
ပြည့်တာ တစ်ခုခုစားပါလား...""ကြက်ကြော်လဲ ဗိုက်ပြည့်တာပဲကိုး..."
"အင်းပါ ဒါဆိုလဲ သွားစားကြတာပေါ့...."
ဆိုင်ရောက်တော့ နှစ်ယောက်သား ကြက်ကြော် အအေးနဲ့ တခြားဟာတွေမှာစားကြရင်း စကားပြောကြလေတယ်...
"မနေ့ကမေးဖို့မေ့သွားတာ ဖြေနိုင်ခဲ့ရဲ့လား..."
"ဖြေနိုင်တာပေါ့ ကိုကိုရဲ့ ဘယ်သူ့တပည့်မို့လို့လဲ....
ပြီးတော့ အမှတ်လဲကောင်းမှာနော်""ဒါဆို Condoမှာ တကယ်လိုက်နေမှာပေါ့...."
"ဘာလဲ ကိုကိုကလိုက် မနေစေချင်ဘူးလား...."
"မဟုတ်ပါဘူး ကိုယ်ကပိုတောင် အဆင်ပြေသေး
ကိုယ့်မှာက ညီအကို မောင်နှမ ရယ်လို့မရှိတော့ ညီတစ်ယောက်အစား ရလိုက်သလိုပဲ.....ဒါပေမဲ့ Gulfကိုတော့ မိသားစုနဲ့အတူနေစေချင်တာ""ဘာလို့လဲ ကိုကိုရဲ့"
"ကိုယ်က ငယ်ငယ်ကအဖွားနဲ့ပဲနေလာတာ ဆိုတော့
မိသားစုတွေ စုံစုံလင်လင်နဲ့ပျော်ရွှင်နေတာ မြင်ရင်အရမ်းသဘောကျတာလေ....Gulfတို့ မိသားစုလေးကိုလဲ သဘောကျတယ် ပျော်ဖို့ကောင်းမယ်လို့ထင်တယ်...""ကိုကို ထင်လို့ပါ...."
"ဘာလို့လဲGulfရဲ့ အန်တီကလည်း Gulfကို
အတော်လေးချစ်ပုံပဲ အဲလိုအမေမျိုးရထားတာ ကံကောင်းတာပေါ့..."

YOU ARE READING
🧡If You Love Someone🧡(Completed)
Hayran Kurguတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...