Part-22(Z+U)

394 36 10
                                    

နောက်တစ်နေ့တွင်တော့....

Mildတစ်ယောက် ဖုန်းထိုင်သုံးနေကာ Nfပေါ်က
စော်လေးတွေရဲ့ ဓာတ်ပုံများကို ငမ်းနေတုန်း  သတင်းတစ်ခုတက်လာ၍ စူးစမ်းကာ ကြည့်မိလိုက်၏ ထိုအရာက သူ့အားအလန့်တခြားဖြစ်သွားစေသည်....

"ဟာ....Gulfရေ ပြသနာတော့ တက်ပြီဟေ့"
Mildတစ်ယောက်ထအော်၏...

Boatရော Gulfပါ ဂိမ်းဆော့ရင်း Mildအော်သံကြောင့် လန့်သွားကြ၍ ဘာဖြစ်တာလဲဟု နှစ်ယောက်လုံး သူ့ကိုကြည့်လိုက်၏...

Mildကတော့ သူနှင့်ခပ်လှမ်းလှမ်းတွဲထိုင်နေသော ဘော်ဒါကြီးGulfဆီ သွားကာဖုန်းကြီးအတင်းထိုးပေး၏....

Gulfလည်း ​ဘာလဲဟဟု နားမလည်ဖြစ်နေသော်လည်း ဖုန်းကိုယူကြည့်လိုက်တော့ ဟင်ခနဲ
သူ့ကို မျက်လုံးပြူးသွားရ၏ အကြောင်းမှာ....

ကျောင်းသူလေးများ ဖွဲ့ထားသော Facebook pageတစ်ခုမှနေ၍...

**ဟိတ် သိပြီးကြပြီလား ငါတို့​ကျောင်းက ဒီနှစ်မှပြောင်းလာတဲ့ ဆရာချောချောလေးက သူ့ကောင်လေးနဲ့ဆိုတာလေ သူ့ကိုချောလို့ နင်တို့တွေ ချိန်နေမယ်ဆိုတာ ငါသိတယ် ငါတောင်ချိန်ခဲ့ဖူးတာကိုး အခုတော့အစစ်မတွေရှကြစမ်း.....🥲**
ဆိုသော captionဖြင့် သူနဲ့ ကိုကို့ပုံကို အနည်းငယ်ဝါးထားကာ တင်ထား၏....

ထိုပုံမှာ ကိုကိုသူ့ကို မျက်လုံးထဲ အမှုန်ဝင်လို့ မှုတ်ပေးနေချိန်ရိုက်ခံထားရသော ပုံဖြစ်တယ် angleကောင်းကောင်းကနေ ချိန်ရိုက်ထားတော့ နမ်းနေပုံပေါ်နေ၏ ထိုပုံကိုလဲ ဝါးတယ်ဆိုရုံလေးသာ ကြည့်လိုက်ရုံနဲ့ နမ်းနေတဲ့ပုံလို့ပဲ လူတိုင်းထင်မှာပင်....

ထိုPostသည် like30kကျော်နဲ့ share200 ကျော်ကို နာရီပိုင်းအတွင်းရထား၏ ကောမန့်ပေါင်းကလည်း မနည်းမနှောပေ....

သူဖတ်ကြည့်တော့....

-"ဟယ် ငါထင်နေတဲ့ ဆရာတပည့်အတွဲလေး တကယ်ပေါ့ ပျော်လိုက်တာဟယ်...."
ဒီမန့်၏ အောက်တွင်တော့....
-"ငါတို့က ဌာနမတူတော့ မသိဘူးစစ်ရေ လင်းပါအုန်း"

-"ဟဲဟဲငါသိတယ် အဲဒါ civilဌာနက..."

-"ဟာ ဒါစည်းကမ်းကြီးတဲ့ ဆရာပါလား ထင်မထားဘူးကောင်လေးက ဘယ်သူပါလိမ့်...."

🧡If You Love Someone🧡(Completed)Where stories live. Discover now