Part-16(Z+U)

425 35 2
                                    

မနက်ခင်းနေရောင် ခြည်သည် အိပ်ခန်းထဲက နှစ်ခြိုက်စွာအိပ်မောကျနေသော ကောင်လေးနှစ်ယောက်ဆီသို့ တိုးဝင်လာပြီ....

Gulfလဲ Mewခါးကိုမလွှတ်တမ်းဖက်ထားလျက် အိပ်ပျော်သွားသည်မှာ စူးရှရှနေရောင်မျက်နှာပေါ်သို့ကျလာမှသာ နိုးလာတော့သည်...

သူဖက်ထားသော လူကြီးမှာတော့ အိပ်မောကျလျက်ပင် သူညက အိပ်မက်ဆိုးတွေမက်တာနဲ့ ကိုကိုပါအိပ်ရေးပျက်ရသဖြင့် စိတ်မကောင်းတော့ ဖြစ်မိသား....

မနက်ခင်းတိုင်း မျက်လုံးဖွင့်လိုက်တာနဲ့ ကိုကို့မျက်နှာလေးကို အရင်မြင်ပြီး ကိုကို့ရင်ခွင်ထက်ကနေ အမြဲ
နိုးထခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ....

မျက်နှာချောချောလေးကို အကြာကြီးငေးနေချင်ပေမဲ့ ကိုကိုမနိုးခင် မနက်စာချက်ကျွေးချင်တာကြောင့် ထရပြန်သည်....

တကိုယ်ရည်သန့်စင်ပြီးနောက် မနက်စာချက်ခြင်းလုပ်ငန်းကို စတင်၏။

~~~~

Mewတစ်ယောက် နိုးထလာတော့ မနေ့ကသူ့ကို ဖက်ထားရာက အိပ်ပျော်သွားသော​ကောင်လေးကို မတွေ့ရ
နာရီကြည့်လိုက်တော့ ၁၀နာရီပင်ထိုးနေပြီ....

မနေ့ညက သူကတော်တော်နဲ့ ပြန်အိပ်မပျော်တာ
ကြောင့်လဲ စောစောမနိုးတာပါမှာပေါ့....

မျက်နှာသစ် ကိစ္စဝိစ္စပြီးတော့ အခန်းပြင်ထွက်လာခဲ့သည် တစ်အိမ်လုံးပြောင်လက်နေအောင် သန့်ရှင်းရေးလုပ်ထားသည် Gulfရဲ့စိုနေတဲ့ မွှေ့ယာတွေလဲ ၀ရန်တာမှာ နေလှမ်းထားပြီးပြီ ဒီနေ့သန့်ရှင်းအဒေါ်ကြီး လာတဲ့ရက်လည်းမဟုတ်ပါဘူး ဘာလို့များ သန့်ရှင်းနေရတာလဲ....

အဖြေကတော့ ဧည့်ခန်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ Gulfကို တွေ့မှ သူရှင်းတော့သည်....

"Gulf...ဘာလို့သန့်ရှင်းရေးတွေ လုပ်နေတာလဲ သောကြာဆို သန့်ရှင်းရေးအဒေါ်ကြီးလာနေကြ မလိုဘူးထားလိုက်တော့...."

"မဟုတ်တာ ကိုကိုရာ...ဒါလေးလုပ်ရတာ အဒေါ်ကြီးမလိုပါဘူး နောက်တခါမခေါ်နဲ့တော့ ကျွန်တော်ပဲလုပ်ပေးမယ်..."

"ဒါပေမဲ့...."

"ဒါပေမဲ့ လုပ်မနေပါနဲ့ ကိုကိုဗိုက်ဆာပြီမလား မနက်စာလုပ်ထားတယ် ကျွန်တော်လည်းဆာနေပြီ ကိုကို့ကို
စောင့်နေတာ...."

🧡If You Love Someone🧡(Completed)Where stories live. Discover now