Part-7
တီတီတီတီ....
မနက်ခင်း နိုးစက်သံကြောင့် Mewတစ်ယောက်နိုးထလာခဲ့တယ်...
"အား...ကျွတ်"
ခေါင်းကို လက်ဖြင့်ဖိရင်း ငြီးတွားမိလိုက်တယ်
ညက သူစာဖတ်တာများသွားပြီး အိပ်ယာဝင်နောက်ကျခြင်းရဲ့ သက်သေက မနက်ခင်းနိုးလို့မျက်ရိုးကိုက်ခြင်းပဲလေ....သူကလဲသူပဲ စာဖတ်မိရင် ထမင်းမေ့ဟင်းမေ့ ဒါကြောင့်လဲ အဖွားနဲ့နေတုန်းက သူညနက်တဲ့အထိ စာဖတ်မည်ဆိုး၍ အမြဲသတိပေးနေကြပင်....
အတွေးတွေကို ခဏရပ်လန်းဆန်းသွားအောင် ရေမိုးချိုးရန် ထလိုက်လေတယ် ပြီးရင်ကျောင်းကို အချိန်မှီရောက်ဖို့ ပြင်ဆင်ရအုန်းမယ်....
Condoမှာတစ်ယောက်ထဲနေတာဆိုတော့ အဖွားအိမ်လောက်တော့ အစားအသောက်ဖွယ်ဖွယ်ရာရာ
မလုပ်စားဖြစ်ပေ မနက်ဆို ပေါင်မုန့်မီးကင်နဲ့ နွားနို့တစ်ခွက် ဒီလိုနှစ်ပါးသွားဖြစ်တာ အတော်ကြာလေပြီ....အဖွားကတော့ စိတ်မချလို့ဆိုပြီး အရင်လကတစ်ခါလိုက်လာသေးလေရဲ့ ဟင်းချက်ပြီးယူလာတာတွေကတော့ ရေခဲသေတ္တာထဲမှာ နည်းနည်းသာ ကျန်လေတော့တယ်....
အဖွားက ဒီကိုတာဝန်ကျတယ် ဆိုတုန်းကလဲ မခွဲချင်လို့တဲ့ ဆရာတောင်ဆက်မလုပ်စေချင်တော့ဘူး လုပ်နေတာ စိတ်မချလို့တဲ့လေ မနဲချော့ပြီး လာနေခဲ့ရတာ ဒီလိုသာ ညနက်တဲ့အထိစာတွေဖတ်နေရင်တော့ ဆူခံရမှာအသေအချာပဲ....
"I like me better when I'm with you"
Phoneသံကြောင့် အတွေးတွေကို ဖြတ်တောက်လိုက်လေတယ်....
"ဟယ်လို ဖွား"
"မြေး ကျောင်းသွားနေပြီလား...."
"မသွားသေးဘူး ဖွားရဲ့ အခုမှမနက်စာစားတုန်း ဖွားရော နေကောင်းရဲ့လား"
"မင်းအဖွားက ဘယ်တုန်းက နေမကောင်းတာများ ကြားဖူးလို့လဲ..."
"555ဖွား ကျန်းမာမှန်းတော့ မြေးကသိတာပေါ့ ဒါပေမဲ့စိတ်ပူတယ်လေ...."
"ဖွားက ကျန်းမာရေးဂရုစိုက်ပါတယ် မြေးသာ ကျန်းမာရေးဂရုစိုက် အလုပ်တွေအရမ်းလုပ်မနေနဲ့ ပင်ပန်းတာနဲ့ဖျားတတ်တာမို့ ဂရုစိုက်နော် နေမကောင်း တဲ့အသံကြားလို့ကတော့ ချက်ချင်းလာခေါ်မှာ"
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...