Part-15(Z+U)

420 38 1
                                    

နှစ်ယောက်သား နေ့လည်စာ စားသောက်ပြီးလို့ ပြန်တော့မယ့် အချိန်မှာပဲ မိုးက"ဝေါ"ခနဲ ရွာချလာသည်ကို ပြတင်းပေါက်မှန်မှတဆင့် တွေ့လိုက်ရသည်....

မိုးရွာသည်ကို မြင်သွားသော Gulfတစ်ယောက်ကတော့ မျက်နှာလေးနွမ်းသွားပြီး စိတ်ပျက်သွားဟန်...

သူမိုးရာသီကို အရမ်းမုန်းသည် မိုးအရမ်းသည်းထန်စွာ ရွာနေရင် အပြင်မထွက်ဖြစ် အိမ်ထဲမှာသာ နေတတ်သည် မိုးရွာထဲ ကားမမောင်းနိုင်တာ သူ့အားနည်းချက်ပေ....

"Gulf ပြန်ကြမယ်လေ...."
Mewတစ်ယောက် ငွေးရှင်းပြီး Gulfအား သွားဖို့ ပြောမှကြည့်မိတယ် အပြင်ဘက်မိုးရွာတာကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ထိုင်နေသောGulf...

"ဘာဖြစ်လို့လဲ ပြန်ကြမယ်လေ ဘာလို့ ငူငူငိုင်ငိုင်ကြီးထိုင်နေတာလဲ...."

အဲအခါကျမှ သူ့ကိုသနားစရာ မျက်ဝန်းလေးများနဲ့
ကြည့်လာပြီး...

"ကိုကို...."

"အွန်း ပြောလေ..."

"ကျွန်တော် မိုးရွာရင် ကားမမောင်းနိုင်ဘူး အဲဒါ....
ကျွန်တော်မှားတာပါ ကိုကိုကားနဲ့ပဲ ဒီကိုလာလိုက်ရမှာ
အခုတော့ ကိုကို့ကို ကျွန်တော်အပြန်မောင်းမပေးနိုင်တော့ဘူး တောင်းပန်ပါတယ်နော်..."
တကယ်ကို စိတ်မကောင်းဖြစ်ပြီး တောင်းပန်စကားတွေ တရစပ်ပြောနေတဲ့ Gulfကြောင့် Mewနေရခက်လာရတယ်...

ဒါက တောင်းပန်စရာကိစ္စလဲ မဟုတ်ဘူးလေ
"တောင်းပန်စရာမလိုပါဘူးကွာ အခုမင်းမမောင်းနိုင်လဲ မင်းရဲ့ကား အဲသားကြီးကို ကိုယ်မောင်းပေးမှာပေါ့...."
စိတ်မကောင်းဖြစ်နေတဲ့ ကောင်လေးကြောင့် သူ့စိတ်ကြိုက် 'ကား'ကို Gulfခေါ်သလို ခေါ်ဝေါ်ပေးလိုက်မိသည် တကယ်တော့ ဒါသူ့အမှုအကျင့်မျိုးမဟုတ်ပေ....

*ဟင် ခုဏကိုကို ကကျွန်တော့ကားကို သားကြီးလို့ခေါ်လိုက်တာလား ဟာကိုကိုကွာ ဒီမှာ စိတ်ညစ်နေတာတောင် ​ပျောက်သွားပြီ ချစ်စရာကောင်းချက်.....*

"ဘာတွေစဉ်းစားနေတာလဲ ဘာလဲကိုယ်ကို ပြိုင်ကားမမောင်းတတ်ဘူးထင်လို့လား...."

"ဟင်... အဲ  အဲလိုပြောတာမဟုတ်ဘူးလေ
ကျွန်တော်က ဟို..."
အခုမှ အယောင်ယောင်အမှားမှား ပြန်ရှင်းပြနေရတယ်
ကိုကိုပြိုင်ကားကို သူ့လိုသားကြီးလို့ ခေါ်လို့ အပျော်လွန်နေတာနဲ့ ကိုကို့ကို စကားပြန်ပြောဖို့မေ့သွားတာကို....

🧡If You Love Someone🧡(Completed)Where stories live. Discover now