Gulfတစ်ယောက် ကုတင်ပေါ်ထိုင်ကာ နာရီကိုကြည့်လိုက် စိတ်ရှုပ်လို့ဆံပင်ကို ခပ်ကြမ်းကြမ်းဖွလိုက်လုပ်နေရင်းမှ
အကြံတစ်ခုရလာလေတယ်....ဒါကြောင့် ခပ်တည်တည်နှင့်ပင် အိပ်ခန်းတံခါးကိုဖွင့်ကာ အပြင်ထွက် လိုက်လေတယ်...အပြင်မှာရှိတဲ့ အစောင့်များကတော့ သူ့ကိုလက်ဖြင့်၍ တားလေတယ်....
"အကိုလေး အထဲပြန်ဝင်ပေးပါ စာသင်မပြီးမချင်း
အပြင်မထွက်ရဘူးလို့ Bossက မှာထားပါတယ်""ဖယ်စမ်းပါ..."
Gulfကို ကာထားသောလက်ကို တွန်းထုတ်လိုက်ရင်း...."အောက်ထပ်က ငါ့အမေဆီသွားမလို့ ဆရာလဲလာ သေးတာမဟုတ်ပဲ ဒါကိုတားချင်သေးတာလား မင်းတို့က"
လေသံမာမာနဲ့ ပြောလေတယ်....သက်တော်စောင့်၃ယောက်လဲ တစ်မျက်နှာတစ် ယောက်ကြည့်ရင်း ခွင့်ပြုရမလား စဉ်းစားနေကြလေတယ် ပြီးမှ....
"အဲဒါဆိုရှေ့ကနေသွားပါ ကျွန်တော်တို့ တာဝန်အရမို့ သွားတဲ့နေရာတိုင်းတော့ လိုက်ရပါလိမ့်မယ်...."
ဆိုကာ Gulfရဲ့နောက်ကို အစောင့်၃ယောက်လုံး ထပ်ကြပ်မကွာလိုက်ကြလေတယ်....Gulfတို့အိမ်မှာ အကျယ်ကြီးဖြစ်တာကြောင့် အောက်ထပ်ဆင်းဖို့ လှေကားရောက်ဖို့ကိုပင် တော်တော်လှမ်းလှမ်းသွားရလေတယ်....
Gulfတစ်ယောက်လဲ ရှေ့ကသာသွားနေရတာ စိတ်ထဲတွင်တော့ အဆင်လုံးဝမပြေပေ...
*ဘာလဲကွာ...ကိုယ့်အိမ်ထဲသွားနေရတာတောင် အနောက်မှာတန်းလန်းတန်းလန်းနဲ့ လိုက်လာကြတယ် ဘယ်လိုသက်တော်စောင့် တွေမှန်းသိဘူး စိတ်ရှုပ်လိုက်တာကာ....*အမေဖြစ်သူ ခန်းရှေ့သို့ရောက်တော့
"ဒီမှာနေခဲ့...."ဟုဆိုကာ တံခါးကိုဆောင့်ပိတ်လိုက်လေတယ်....*မနေခဲ့ခိုင်းရင် အထဲထိများဝင်ပြီး လိုက်စောင့်မယ့်ရုပ်တွေနဲ့....အဖေငှားထားတဲ့လူတွေက တော်လွန်းပါတယ်ကွာ...*
Gulfအခန်းထဲဝင်သွားတော့ သိုးမွှေးထိုးနေသော အမေဖြစ်သူကိုတွေ့လေတယ်....စာမသင်ချင်သော ကောင်လေးကတော့ အမေဖြစ်သူကို တွေ့သည်နှင့်
"မေမေ....သားကိုကယ်ပါဦး"
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...