မနက်ရှစ်နာရီတောင်ထိုးနေပြီ Kaoဆိုတဲ့ကောင်ကရောက်မလာသေး Mewကတော့ အဖြူရောင် အနောက်တိုင်း ၀တ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီးစောင့်နေရတယ် ဒီနေ့က သူမင်္ဂလာပွဲနေ့ပေါ့.....
မနေ့ညက သူ့ကွန်ဒိုကို Kaoလာလည်ပြီး မင်္ဂလာပွဲအကြို ဂုဏ်ပြုပွဲဆိုပြီး အတင်းလုပ်သွားတယ် ပြီးတော့ သူ့Audiကား နက်ပြာရောင်လေးကို မသွားလေတယ် ငါမနက်ဖြန်သတိုးသားကို လာခေါ်ပေးပါ့မယ်
ဆိုပြီးတော့ပေါ့....သို့သော် အခုထိပေါ်မလာသေး ဖုန်းလဲအကြိမ်ကြိမ်ဆက်ကြည့်သည် မကိုင်ပေ မင်္ဂလာပွဲချိန်ကလိုသေး
ပေမဲ့ အဖွားကဖုန်းဆက်ပြီး သူ့ကိုခေါ်နေတာကြောင့်
မစောင့်တော့ပဲ ထွက်မည်အလုပ် ဖုန်းဝင်လာသည်...."Ai Koaမင်းမလာသေးဘူးလား အဖွားက ငါမရောက်သေးလို့ ခေါ်နေပြီကွ...."
"sorryပဲ Mewရေ မင်းရဲ့ကား ဘီးပေါက်သွားလို့ ငါဆက်ပြင်ဆရာခေါ်ထားတာ ငါအိမ်ရှေ့မှာ မနေ့ညကရပ်ထားတော့ အကောင်းပါကွာ ငါ့ကားကလည်းပျက်နေတာဆိုတော့ မင်းtaxiငှားပြီးသာသွားလိုက်တော့ကွာ"
"မင်းကလေ အရာရာနဲ့ အကြောင်းကြောင်းကြီးပဲ ဘယ်တတ်နိုင်မလဲ အခုမှတော့ ငါအဆင်ပြေသလိုသာ သွားလိုက်တော့မယ်....."
Mewဒီနေ့ မင်္ဂလာပွဲဆိုပေမဲ့ ပျော်ရွှင်နေခြင်းမရှိပါ
သူမသိပါ ဘာကြောင့် သတိုးသားတွေ မင်္ဂလာပွဲနေ့မှာ
ပျော်ရွှင်ဝမ်းသားကြလည်းဆိုတာ သူနည်းနည်းတော့ စိတ်မကောင်းဖြစ်မိသည် အချစ်ကြောင့်ဖြစ်ရတဲ့ ပျော်ရွှင်မှုကို သူမခံစားဖူးတာကြောင့်ပေ.....ကွန်ဒိုရှေ့ကိုရောက်တော့ သူမမျှော်လင့်ထားတဲ့ သူတစ်ယောက်က ကားကိုမှီရင်း ရပ်နေတာကိုတွေ့ရသည်....
သူ့ကိုတွေ့တော့ ပြုံးရွှင်နေသော မျက်နှာထားဖြင့်
"ကိုကို...."ဟုခေါ်ကာ သူ့အနားရောက်လာသည်"မင်းဘာလို့ ရောက်လာတာလဲ မင်းကို ငါ့ရှေ့မပေါ်လာဖို့ပြောထားတယ်လေ...."
သူကသာ အခုလိုပြောနေတာ Gulfကတော့ သူ့ခြေအဆုံးခေါင်းအဆုံးကိုကြည့်ရင်း...."ကိုကိုဒီနေ့အရမ်းကြည့်ကောင်းတာပဲ...."
စွံ့အသွားသူက Mewသာလျှင် သူကသာမောင်းထုတ်နေတာ ဟိုကအဖက်မလုပ်သောကြောင့်ပေ....
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...