Part-29(Z+U)

631 54 19
                                    

၁ပတ်ခန့်ကြာသော်.....

Gulfအခုတလော မျက်နှာမှာချောင်ကျနေသည် သူအိပ်လို့လည်းမပျော်ပါ ကိုကိုဘယ်တော့များ သူ့ကိုကွာရှင်းပေးဖို့ပြောမလဲ စင်္ကာပူသွားဖို့ ပြော
မလည်းဆိုတာ မသိနိုင်လို့ ခြောက်ခြားနေရသည်....

သူကိုကို့နဲ့မခွဲနိုင်ဘူး ဒါပေမဲ့ မသွားဖို့ဆွဲထားနိုင်တဲ့ အစွမ်းအစလည်း သူ့မှာမရှိပေ....

"Nong....နေကောင်းရဲ့လားကွာNongကိုကြည့်ရတာကိုယ်တော့ အားမရဘူး နေမကောင်းရင်လည်း အခုပြန်နားလိုက်ပါလား"

Sanအသံကြားမှ သူအလုပ်ထဲရောက်နေမှန်း သတိရတော့သည် ဘာပြောလိုက်လည်းတော့ သူမကြား....
"ဟင်...Phi ဘာပြောလိုက်တာလည်း"

"Nongကိုကြည့်ရတာ စိတ်တွေလွှင့်နေသလိုပါဘဲ ​ ဘာဖြစ်နေတာလဲဟင် အခုလိုမရယ်မပြုံးဖြစ်နေတာ ၁ပတ်လောက်ရှိပြီ...ခုဏကိုယ်ပြောတာက Nong
နေမကောင်းရင် ပြန်နားဖို့ပြောတာ...."

"ဟင်...နေကောင်းပါတယ် Phi San ပြီးတော့ ဘာမှလည်းမဖြစ်ပါဘူး"

ထိုစဉ် ဌာနမှူးပါ သူတို့နားရောက်လာပြီး....
"Gulfလေး ကြည့်ရတာ နေမကောင်းတဲ့ ပုံပါပဲနား
လိုက်ပါလားကွယ်...."

"ရပါတယ် ကျွန်တော်နေ​ကောင်းပါတယ် တီလေးရဲ့"

"အိုကွယ် တီလေးကြည့်ရတာတော့ နေမကောင်းသလိုပါဘဲ ဒီနေ့ခွင့်ယူလိုက်တော့ တီလေးခွင့်ပြုတယ်...."

Gulfလည်း တီလေးရော Phi Sanပါပြန်ခိုင်းနေတာကြောင့် တက္ကဆီငှားပြီး ပြန်လာလိုက်သည်....

အိမ်ကိုရောက်တော့ ခြံစောင့်ဉီးလေးကြီးကတောင်
သူစောပြန်လာ၍ တအံတသြနှုတ်ဆက်သေး၏ ခြံထဲကြည့်လိုက်တော့လည်း ကိုကို့ကားကို တွေ့ရသည်...

ကိုကိုဒီနေ့ကျောင်းက အတန်းမရှိပုံပါပဲ အိမ်ထဲရောက်တော့ ဧည့်ခန်းမှာဘယ်သူမှမရှိပါ အိမ်ဖော်မလေးတောင် စောသေးတာကြောင့် မပြန်သေးပေ.....

သူလည်းအိပ်ရေးပျက်တာ များပြီးအားမရှိတာကြောင့် အိပ်ဖို့ဆုံးဖြတ်ပြီး အိမ်အပေါ်ထပ်သို့တက်လာလိုက်သည်....

တကယ်တော့ အိပ်ရေးပဲပျက်တာကြောင့်ပဲမဟုတ်ပါ အစားလည်းပုံမှန်စကားတာကြောင့် လူကလည်းအားနည်းနေခဲ့တာပါ....

🧡If You Love Someone🧡(Completed)Where stories live. Discover now