Gulfအတန်းထဲဝင်လိုက်တော့ Mildနဲ့Boatက ကြိုရောက်နှင့်နေပြီ သူကျောင်းတက်မယ်လို့ ဖုန်းဆက်ထားလို့ကျောင်းခန်းထဲမှာ စောင့်နေခြင်းပါ....
Mildတစ်ယောက်ကတော့ သူအခန်းထဲဝင်လာတာ
မြင်တာနဲ့ မေးစရာအများကြီးရှိသော မျက်နှာထားနဲ့ စောင့်မျှော်နေလေရဲ့...."Ai Gulf....မင်းတကယ်အတန်းတက်ချင်တာ သေချာလို့လား"
အတန်းတက်ဖို့အရမ်းပျင်းတဲ့ Gulfကဒီနေ့အတန်း တက်မယ် ပြောတာကြောင့် Mildမှာ ထူးဆန်းလွန်းလို့ မေးရခြင်းပါ..."တကယ်မတက်ချင်မှတော့ မင်းတို့ကိုဒီအခန်းထဲ စောင့်ခိုင်းပါ့မလား....ကျောင်းရှေ့မှာ စောင့်ခိုင်းပြီး
လစ်မှာပေါ့...""အဲဒါဆို တကယ်တက်မှာပေါ့...."
Mild စိတ်ပျက်လက်ပျက်အသံနဲ့ ပြောလေတယ်..."တက်တာတော့ ဟုတ်ပါပြီ....မင်းအချိန်ဇယား
သိလား ငါမတက်တာကြာလို့ ဘာစာအုပ်ယူ လာရမလဲတောင်မသိဘူး လွယ်အိတ်
ထဲမှာ Fluidဖတ်စာအုပ် တစ်အုပ်ပဲပါတယ်....""Ai Boat...မင်းကမှ ဖတ်စာအုပ်တစ်အုပ်ပါ
သေးတယ် ငါ့မှာတစ်အုပ်မှာပါမလာဘူး...."
Mildတစ်ယောက်က တစ်အုပ်မှပါမလာ၍
ညည်းနေလေတယ်..."မင်းတို့နှစ်ယောက် ကျောင်းကိုဘာလာလုပ်တာလဲ
စာအုပ်တောင် မပါရအောင်...."Gulfတစ်ယောက် Mildနဲ့Boatကို ခပ်တည်တည်နဲ့ ဟောက်လိုက်တော့ နှစ်ယောက်လုံးက သူ့မျက်နှာကိုကြည့်ကာ တစ်ပြိုင်နက်....
"မင်းရောပါလို့လား...""ငါလဲမပါဘူး...."
"ဒါများငါတို့ကို ကျောင်းလာတာဘာလုပ်ဖို့လဲ ဘာညာလာပြောနေသေးတယ် အရင်ကသူပဲ ကျောင်းပြေးမယ်ပြောလို့ ငါတို့က အနစ်နာခံပြီး လိုက်ပေးခဲ့ရတာ.....မဟုတ်ဘူးလား Boat"
"အေး...ဟုတ်တယ်"
"ငါအခုကျောင်းမပြေးချင်ဘူး မပြောဘူး ငါလဲအတန်း
တက်ရမှာ သေအောင်ပျင်းတဲ့ကောင်ကွ....အခုမင်း
တို့အဖေဘာဖြစ်နေလဲ မင်းတို့သိရဲ့လား..."
Gulfသူ့ကိုသူ ပုတ်ပြရင်းပြောလိုက်လေတယ်..."ဘောကို ငါတို့အဖေလား....ဘာဖြစ်နေလဲဆိုတာ
သာ အမြန်ပြော..."
![](https://img.wattpad.com/cover/248020748-288-k470172.jpg)
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...