အချိန်ကာလတွေက တဖြေးဖြေးကုန်ဆုံးသွားပြီး အခုဆို ကျောင်းပြန်ဖွင့်ဖို့ ၂ပတ်ကျော်ကျော်သာ လိုပါတော့သည်....
Gulfတစ်ယောက် ကျောင်းပိတ်ရက်ကို အရင်ကတော်တော်လေး နှစ်သက်ပေမဲ့ ဒီနှစ်ကျောင်းပိတ်ရက်ကိုတော့ အမြန်ကုန်ဆုံးစေချင်မိသည်....
နေ့စဉ်နဲ့အမျှလွမ်းရတဲ့ လူကြီးမှာလဲ ဒီကြားထဲမှာ
IG postတစ်ခုတင်ပြီး ပျောက်ချက်သား
ကောင်းနေလေရဲ့....အဲဒီတုန်းကလဲ Post upတဲ့notiကြောင့် အသက်ရူရပ်မတပ်ပင်...
တစ်ယောက်ထဲ ပျော်လွန်းလို့အိပ်ယာထပ်မှာ
အလူးလူးအလိမ့်လိမ့်...နေကြားပန်းခင်းကြားက ကျွန်တော်ရဲ့ နေမင်းကြီးပါပဲ ချောမောလွန်းလို့ အပြေးသွားတွေ့ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်...
ကိုကိုကနေမင်းကြီးဆိုတော့လဲ ဒီကKanaလေးက နေကြာပန်းလေးပေါ့....
ဒါကြောင့်မို့ နေကြာပန်းပုံ မန့်လေးမန့်လိုက်ရသေးသည်....
Lineမှာစကားသွားပြောရအောင်လဲ Lineသိပ်မသုံးတဲ့သူမို့ တခါတလေဆိုseenတောင်မပြပေ မျက်နှာလေးမြင်ချင်လွန်းလို့ VCပြောဖို့ဆိုဝေး....
ဒါပေမဲ့လဲ လွမ်းရတဲ့နေ့ရက်တွေအတွက် ဓာတ်ပုံလေးနှစ်ပုံကလည်း သူ့အတွက် အသက်ဆက်ရှင်ဖို့လုံလောက်တဲ့ အားဆေးတစ်ခွက်ပါပဲ....
အခုဆို 'ကိုကို့'အကြောင်းလေး တွေးမိရုံနဲ့
မျက်ရည်များပင် ဝဲတက်လာတဲ့အထိ
မြတ်နိုးမိနေလေပြီ.....အခုလဲ ကိုကို့အကြောင်းတွေးနေတုန်း Lineကနေ စာရောက်ကြောင်း notiတက်လာလေတယ်...
Gulfလည်း Mildတို့ Champတို့ပို့တာများလား ဆိုပြီး ကြည့်လိုက်ပေမဲ့ သူတို့မဟုတ်ပဲ မထင်မှတ်ထားသောလူ ဖြစ်နေလေတယ်....
"နောက်နှစ်ရက်လောက်ဆို ဘန်ကောက်ကို ပြန်ရောက်ပြီ...."
စာသားကလဲ တိုတိုပြတ်ပြတ်လေးသာ ဒါပေမဲ့ Gulfအဖို့တော့ ပြည့်စုံလွန်းနေခဲ့ပြီ...ဒီညအဖို့ သူအိမ်မက်လှလှလေး မက်တော့မှာ အသေအချာပင်....
~~~~
![](https://img.wattpad.com/cover/248020748-288-k470172.jpg)
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...