Mewတစ်ယောက် စာသင်ပြီးအိမ်ပြန်ရောက်တော့
ည၇နာရီရှိလေပြီ ဘန်ကောက်က အရင်နေခဲ့တဲ့ ချင်းမိုင်လို ရာသီဥတုမဟုတ်တာကြောင့် အခုမှရောက်သူအဖို့ အသားမကျသေး လူကငြီးစီစီဖြစ်နေတာကြောင့် ရေအရင်ချိုးရင်း ခေါင်းပါတစ်ခါထဲ လျှော်လိုက်လေတယ်....သူရေချိုးပြီး မှန်ရှေ့မှာခေါင်းသုပ်ရင်း သူ့ကိုသူပြန်
ကြည့်မိတယ် သူ့မျက်နှာဘာများဖြစ်နေလဲပေါ့ တစ်ခုခုများထူးခြားတာရှိလားပေါ့....ဘာလို့ဆို စာသင်ခဲ့တဲ့ကလေးက စတွေ့ကထဲကရော
စာသင်နေတဲ့တစ်လျှောက်လုံးရော သူ့ကိုစိုက်ကြည့်
နေတာကြောင့်ပင် ဒီကလေးဘာလို့ အဲလောက်ကြည့်
နေရလဲ သူနားမလည်ပေ....ကောင်လေးကြည့်ရတာလဲ မိဘအရှိန်အဝါနဲ့ ဆိုးသွမ်းနေပုံလေးပဲ သူအမေနဲ့ဆို ဂျစ်တိုက်တတ်ပုံလဲရတယ် ဒါပေမဲ့
စာသင်တာကို ဂရုတစိုက်လိုက်လုပ်ပြီး သူစကားကိုလဲ နာခံတာကြောင့် ပြင်ဆင်ပေးရင် လမ်းမှန်ရောက်မယ့်ပုံလေးပဲလို့ သူတွေးမိတယ်....ပုံစံကလဲ အရပ်ကသူထပ်နည်းနည်းလေး ပိုရှည်နေ
သေးတယ် ဒါပေမဲ့ လူကောင်ကထွားထွားကြီး မဟုတ်
အချိုးအစားကျကျနဲ့ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်မျိုးပါပဲ မျက်ခုံးနက်နက်နဲ့အသားက မဖြူမညိုလေး ဂျစ်ကန်ကန်ပုံစံလေး ဆိုတော့ အခုခေတ်လူငယ်တွေ အကြိုက်ပေါ့လေ....လူငယ်တွေဆိုတော့ ကိုယ်ကအသက်အရမ်းကြီးနေ
တယ်လို့ မဆိုလိုပါ အခုမှ၃၀ပဲရှိသေးတာ ငယ်ငယ်ထဲကအဖွားလက်အောက်မှာ ကြီးပျင်းခဲ့သူမို့
အနေအထိုင်တည်ငြိမ်ပြီး စာမှစာလုပ်တတ်ခြင်းကြောင့် ငယ်ငယ်လေးနဲ့ လက်ထောက်ပါမောက္ခဖြစ်
နေတာပေါ့....အခုလဲ Chiangmai universityမှာ တစ်နှစ်လောက် စာသင်ပြီးတော့ Chulalongkorn universityကို တာဝန်ကျလို့ပြောင်းလာခဲ့တာ လွန်ခဲ့တဲ့၁လ လောက်ကပေါ့....
မွေးရပ်ဇာတိက ချင်းမိုင်မြို့လေး တောင်တန်းတွေနဲ့ ရသီဥတုသာယာတဲ့ မြို့လေးလဲဖြစ်လေတယ်... ပြောရင်းနဲ့တောင် ချင်းမိုင်မှာရှိတဲ့အဖွားကို လွမ်းလာပြီ ငယ်ငယ်ထဲက မိဘမေတ္တာငတ်နေတဲ့သူကို
အဖွားကပဲ အမေလိုတစ်မျိုး အဖေလိုတစ်ဖုံ ပြုစုစောင့်ရှောက်ခဲ့တာ အဖွားကသူ့အတွက်တော့
အရာရာနံပါတ်၁ပဲ အဖွားရဲ့စကားကလည်း သူမလွန်ဆန်နိုင်တဲ့ ရာဇသံတစ်ခုပါပဲ....
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanficတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...